2

243 27 8
                                    

ကျောင်ကြီးဆီသို့ ရောက်လာကြသည် ။အတန်းထဲတွင် ....

"ကဲ ငြိမ်ငြိမ်နေကြ ‌ဒီမှာကျောင်းသားသစ်ကို မိတ်ဆက်ပေးမယ်"

ဟုအတန်းပိုင်ဆရာပြောတော့ ကျောင်းသား ကျောင်းသူတွေအကုန်ငြိမ်သွားသည် ။

"သူက ကျောင်းသားသစ် Kim Junkyu တဲ့"

"အာညော်ဟာဆယ်ယို ဂျွန်ဂယူဖြစ်ပါတယ်"

Girl 1: "ဝါးး ချစ်စရာလေး ငါကြိုက်တဲ့ type လေး"

လို့ပြောတော့ နောက်တစ်ယောက်က

Girl 2: "ငါသူ့ကို လိုက်တော့မယ်"

Haruto ကတော့ ဂျွန်ဂယူ့ကို စိုက်ကြည့်နေတာပေါ့ ။ဆရာက..

"Junkyu Mashiho နားမှာသွားထိုင်လိုက်"

Mashiho က လက်လှမ်းပြသည် ။

"ဟုတ်"

သူတို့စာသင်လို့ပြီးသွားတော့ ကန်တင်းမှာ မုန့်စားဖို့ထွက်လာသည် ။ Mashiho က

"မင်းနာမည်က ဂျွန်ဂယူဟုတ်တယ်မလား"

"အွန်း ဟုတ်တယ် မင်းက mashiho နော်"

"အင်း"

"မင်းအသံလေးက ချစ်ဖို့ကောင်းလိုက်တာ"

"ဂျွန်ဂယူက ပိုချစ်ဖို့ကောင်းတယ် ဒါနဲ့လေ သတိပေးထားအုံးမယ် အတန်းထဲက Yoshinori ဆိုတဲ့ တစ်ယောက်နားကိုသွားမကပ်နဲ့ သူက နည်းနည်းဆိုးတယ်"

"အွန်းပါ"

သူတို့ မုန့်စားလိုပြီးသွားတော့ အတန်းထဲပြန်လာလိုက်သည် ။
အဲ့ချိန်မှာ Jaehyuk နဲ့ Jeongwoo က လာနှုတ်ဆက်သည် ။

"အာညော်"

လို့ နှစ်ယောက်လုံး ပြိုင်တူပြောလိုက်သည် ။

"အာညော်"

ဂျွန်ဂယူ ပြန်နှုတ်ဆက်သည် ။Mashi က...

"သူက Yoon Jaehyuk တဲ့ အတန်းထဲမှာအဆင့်တစ် စာအတော်ဆုံးကျောင်းသား သူက Park Jeongwoo တစ်နေကုန်အငြိမ်မနေတဲ့သူပေါ့"

လို့ပြောတော့.. ဂျောင်ဝူးက

"ရားး မင်းကရောငြိမ်ငြိမ်နေလို့လား"

"ငါကစတာပါဟ"

ဂျွန်ဂယူက

"ဂျွန်ဂယူပါ နှစ်ယောက်က တော်တော်ရင်းနှီး‌တယ်ထင်တယ်"

"ဟုတ်တယ် အမှန်တိုင်းပြောရရင် ရည်းစားတွေပေါ့"

ဂျယ်ဟော့ခ်ကပြောတော့ ဂျွန်ဂယူက အံ့ဩသွားမှာအမှန်ပင် ။

"ဝိုးးး တဂယ်ရီးလား"

"အွန်းး"

အဲ့ချိန် ဒိုယောင်း ရောက်လာသည် ။

"ဘာတွေပြောနေကြတာလဲ ကျောင်းတက်တော့မယ်နော်"

"အေးပါ ဆရာကြီးရယ် လာပါ့မယ် သူက ဒိုယောင်းလေ အတန်းခေါင်းဆောင်ပေါ့"

"အော်..."

'တီးး တောင် တီး တောင်'

ကျောင်းခေါင်းလောင်းမြည်တော့သူတို့အားလုံးထိုင်ခုံမှာဝင်ထိုင်လိုက်ကြသည် ။

စာသင်နေရင်းနဲ့လည်း ဟရူတို ဂျွန်ဂယူ့ကိုပဲ ကြည့်နေတော့ ဆရာက ။

"ဟရူတို မင်းဂျွန်ဂယူကိုပဲကြည့်နေရအောင် ဂျွန်ဂယူ့‌မျက်နှာပေါ်မှာစာမရှိဘူးနော်"

လို့ဆရာက ပြောတော့ ဟရူတို မျက်နှာတစ်ခုလုံးနီရဲသွားသည် ။
တစ်တန်းလုံးလည်း ဆူညံလာသည် ။ဂျွန်ဂယူကတော့ ရှက်နေသည် ။

စာသင်လို့ပြီးတော့ ဂျွန်ဂယူအိမ်ပြန်လာပါတယ် ။

"ဟျောင်း ကျွန်တော်ပြန်လာပြီ"

အိမ်အဝကနေ သူ့ဟျောင်းကို ပြန်လာပြီဖြစ်ကြောင်းလှမ်းအော်နေခြင်း ။

ထိုအခါ မီးဖိုချောင်ထဲက ထွက်လာတဲ့ hyunsuk ။

"ပြန်လာပြီလား ‌ဟျောင်း ညနေစာပြင်ထားတယ် အိမ်ပေါ်တက်   ရေသွားချိုးတော့"

"Nae"
.
.
.
.
2 လေးပြီးပြီနော် အပ်တာနောက်ကျသွားလို့တောင်းပန်ပါတယ် ဖတ်မယ့်သူမရှိလည်း တောင်းပန်ပါတယ်🥹💗

(Story By Millie💗)

School Romantic💎💗Where stories live. Discover now