*ကျောင်းဆင်းပီ*
(မသိဘူး ကျော်မှာဘဲ ခွမှာဘဲ)"ဟျောင့် ဂျွန်ဂယူ မင်းဒီနေ့တစ်ယောက်ထဲပြန်မှာလား"
ဂျီဟွန်းက မေးလိုက်ခြင်းဖြစ်သည် ။
"ငါနေ့တိုင်း တစ်ယောက်ထဲပြန်နေကြပဲကို ဒါပေမဲ့ ဒီနေ့တော့ ငါ့ကို ဟျောင်းလာကြိုမှာ"
"ဟျောင်းဆိုတာ?"
"ငါ့အစ်ကိုလေ"
"အော်"
"ငါသွားတော့မယ်နော်"
"ဟျောင့် နေအုံး ငါ မင်းအိမ်မှာမှတ်စုတွေလိုက်ကူးချင်လို့ မင်းသိတယ်မလား ငါနေမကောင်းဖြစ်လို့ ကျောင်းပျက်ထားတာကို"
"အေးပါ သိပါတယ်ဟ ဒါဆို သွားမယ် မြန်မြန်လာ"
"အေးပါဟ ငါလူပါကွ စက်ရုပ်မဟုတ်ဘူး"
"လာမှသာလာစမ်းပါ"
~~~~~~~~~~~~~
"ဟျောင်း"
ဆိုပြီးလက်ပြနှုတ်ဆက်ရင်း ဂျွန်ဂယူ ဟျွန်ဆော့ဆီ ပြေးသွားလိုက်သည် ။ ဂျီဟွန်းကတော့ ကြောင်တောင်တောင်ကြီး ရပ်နေသည် ။
"ဟျောင့် ဘာလုပ်နေတာလဲ မြန်မြန်လာလေ"
"ဟမ် အော် အေး လာပြီ"
"ဂျွန်ဂယူ သူက?"
"ကျွန်တော့်သူငယ်ချင်း ဂျီဟွန်းတဲ့ အိမ်မှာ မှတ်စုတွေလိုက်ကူးချင်လို့တဲ့"
ဂျီဟွန်းစိတ်ထဲတွင် 'ချစ်စရာလေးကွာ' ဟျွန်းဆော့ စိတ်ထဲမှာတော့ 'ဒီကောင်ဘာလားဟ ရောက်ကတည်းက ငါ့ပဲစိုက်ကြည့်နေတယ်'
"ဟျောင်း သွားမယ်လေ"
"အော် အေး"
"ဂျွန်ဂယူ ငါရှေ့မှာထိုင်လို့ရလား ငါမူးတက်လို့ပါ"
"အော်အေး ရတယ်လေ ထိုင်"
"ကျေးဇူးပဲ"
'ဘာတုန်းဟ ဘယ်တုန်းကမှငါ့ကိုကျေးဇူးမတင်ဖူးတဲ့သူက ကျေးဇူးတွေထတင်လို့ပါလား' ဒါကတော့ ဂျွန်ဂယူစိတ်ထဲတွင်ဖြစ်သည် ။
*အိမ်ရောက်ပြီ*
သူတို့အိမ်ရောက်တော့ ညနေစောင်းနေပြီမို့ ဟျွန်းဆော့အခန်းထဲဝင်ရေချိုးပြီး မီးဖိုချောင်ထဲဝင်သွားသည် ။ ဂျွန်ဂယူတို့ကတော့ အခန်းထဲမှာ မှတ်စုတွေကူးနေသည် ။
![](https://img.wattpad.com/cover/337681407-288-k629891.jpg)
YOU ARE READING
School Romantic💎💗
RomansaTreasure အတွဲလေးတွေအကုန်ပါမယ့် fic လေးပါနော်😗💎 Hoonsuk Yosahi Harukyu Mashidam Jaewoo Dohwan Started - March,24,2023 Ended - ❎ On going✔️