Ep - 7

507 85 1
                                    

"ဂျုံဝူ လုပ်စမ်းပါဦး... ငါ့ ကို ဝင်ခွင့်ပိတ်ထားတယ်တဲ့"

"အေး အဲ့ဒါကြောင့် ငါဆင်းလာတာ ဥက္ကဌ ဆောင်းက မင်းကို ဝင်ခွင့်ပေးရင် သူ ရင်းနှီးမြှုပ်နှံထားတာ ပြန်ထုတ်မယ်ဆိုလို့ CEO ကမင်းကို ဝင်ခွင့်ပိတ်လိုက်တာ... မင်းလည်း တက္ကသိုလ် တတ်ဖို့ ပြင်ဆင်ရမယ် မဟုတ်လား... ဒီအတိုင်းနားရက်ယူတယ် သဘောထားလိုက်.."

ဂျုံဝူ က ဟန်ဘင်းကို ကုမ္ပဏီရှေ့ကနေ ခေါ်ထုတ်သွားပြီး အေးချမ်းဆိတ်ငြိမ်သည့် ကော်ဖီဆိုင်တစ်ဆိုင်မှာ ထိုင်ရင်း ဖြောင့်ဖြပြောဆိုလိုက်သည်။ထိုသို့ ပြောလိုက်ရတဲ့အတွက်လည်း သူ စိတ်မကောင်းပါ ဟန်ဘင်းဆိုတဲ့ ဒီကောင်လေးမှာ စိတ်ထွက်ပေါက်ရစရာက က နေတဲ့အချိန်ပဲရှိတယ်မဟုတ်လား။

"နေပါဦး... အဖေ ဘယ်လိုလုပ်သိသွားတာလဲ... Back up dancer ဆိုတာ သေချာ ပြူးပြဲကြည့်မှတောင် မြင်ချင်မှ မြင်ရတာမျိုးကို ကျွန်တော်တို့အိမ်လို အနုပညာ သိပ်စိတ်မဝင်စားတဲ့ မိသားစုက နာမည်ကြီး ထိပ်တန်းမင်းသား မင်းသမီးတွေတောင် ရောချင်ရောနေတာ"

ဟန်ဘင်း စကားကြောင့် ဂျုံဝူ သက်ပြင်းချလိုက်သည်။ လူကုံထံ အသိုင်းအဝိုင်းရဲ့ ပြိုင်ဆိုင်မှုဆိုတာ ခြေလှမ်းသေးသေးလေးက စတယ်ဆိုတာ ဒီကောင်လေး အခုထိ မသိသေးဘူးလား။

"ဘယ်သူရှိဦးမှာလဲ ဟန်ဘင်းရယ်... မနေ့က ဆောင်းဝူဟျွန်း စီးနေကျ ကား ကို ငါ ဒီအရှေ့မှာ တွေ့လိုက်တယ်.."

" တောက်* ဆောင်းဝူဟျွန်း..!!!!"

အမှန်ပင် ဆောင်းဝူဟျွန်း ကလွဲပြီး မည်သူရှိနိုင်မည်နည်း။

+++++++++++++

"ဆောင်းဝူဟျွန်း!!!."

မိသားစု ထမင်းစားဝိုင်းသို့ ဒေါနဲ့မောနဲ့ ဝင်ချပြီး နာမည်တစ်ခုကို စိတ်ဆိုးမာန်ဆိုး အော်ခေါ် လိုက်တာကြောင့် မိဘ ဖြစ်ပုံရဲ့ လူနှစ်ယောက်က သူ့ ကို "ရိုင်းလိုက်လေခြင်း" ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြပြီး နာမည်ပိုင်ရှင် ကာယကံရှင် ကတော့ ဝိုင် ခွက်ကို စမတ်ကျကျ ကိုင်ကာ အနည်းငယ်လှုပ်ရမ်းပြီး ဖြည်းဖြည်းချင် အရသာခံ သောက်နေသည်မှ အပ ဘာ တုံ့ပြန်မှုမှမပေးခဲ့။

From The Other SideWhere stories live. Discover now