Ep - 12

470 83 3
                                    

"အမလေး လန့်လိုက်တာ.."

သွားတိုက်နေရင်းက မှန်ထဲကိုရုတ်တရက်ကြည့်မိတော့ ပြုံးဖြီးနေသည့် ကိုယ့်မျက်နှာကြီးကို မြင်မိတာကြောင့် မက်သရူး လန့်ဖြန့်ကာ ထအော်မိသည်။

"သတိကပ်စမ်း..ဆော့မက်သရူး... မင်းပြောတော့ တယောဆရာလေးကိုကြိုက်လှချည်ရဲ့ဆို.. ဘယ်နှယ့် အဓိကဇာတ်ကောင်ကို သွားကြွေနေရတာလဲ... သစ္စာဖောက်ကောင်..."

မက်သရူး မှန်ထဲက သူ့ပုံရိပ်ကို သတိပေးသလိုပြောပြီး လက်သီးဖြင့်မှန်ကို ခပ်ဖွဖွ ထိုးလိုက်ပြီး သက်ပြင်းသဲ့သဲ့ချလိုက်သည်။

"ဒါပေမဲ့... ဆောင်းဟန်ဘင်းကို သဘောကျစိတ်ကို ငါ ဘယ်လိုမှ ဖုံးဖိလို့မရတော့ဘူး... ဟင်း... သူ ငါ့ကို ‌ဆောင်းဝူဟျွန်းမှန်း သိတဲ့အချိန်... ငါ သူ့အမုန်းတရားတွေနဲ့ ငါဘယ်လိုရင်ဆိုင်ရမလဲ..."

မက်သရူး သူ့ဘာသာသူ ကြိုတွေးရင်းရှေ့ရေးကို ရင်လေးနေမိသည်။

"ငါ အခုတွေးတာက ဆောင်းဟန်ဘင်း ဝင်ခွင့်စာမေးပွဲ အောင်တာနဲ့..ဆော့ မက်သရူး ကို ဆောင်းဟန်ဘင်း ဘဝထဲကနေ လှလှပပ ပျောက်သွားဖို့လုပ်ဖို့ပဲ... အင်း.. အဲ့ဒါက ငါထင်သလို အဆင်ပြေချောမွေ့ဖို့ပဲ ဆုတောင်းတယ်... "

မက်သရူး ခပ်တိုးတိုးရေရွတ်ရင်း ခပ်စောစော အိပ်ရာဝင်ဖြစ်သည်။ ဒါပေမဲ့ အိမ်မက်တွေကတော့ လှပမနေခဲ့ပါဘူး..။

++++++++++++++++

"ဒီမှာ... ပြောတော့ တက္ကသိုလ် ရောက်မှ တွဲကြမှာဆို.... ကျောင်းထဲမှာ လက်လေးဘာလေး ဖြုတ်ဖို့ သတိကပ်ပါဦး.."

မက်သရူး ပါးစပ်ကသာ ဆောင်းဟန်ဘင်း ကို အပြစ်တင်နေပေမယ့် သူ့ကိုယ်တိုင်ကလည်း ထိုတွဲလက်ထဲကနေ မရုန်းထွက်ခဲ့။တစ်ဖက်လူကလည်း ပိုလို့တောင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လို့ ထားလိုက်သေးသည်။

"ဟျောင်း ကျွန်တော့် ကို အာ့ လောက်ချစ်နေလို့ မဖြစ်ဘူးနော်... ကျွန်တော် ဟျောင်း ကို ပလေး သွားရင် ဘယ်လိုလုပ်မလဲ.."

"အော... အတွေ့အကြုံရသွားတာပေါ့... စမ်းကြည့်ပါလား..."

ဆောင်းဟန်ဘင်းကတော့ သူ့စကားကို လုံးဝမမှုသလိုရယ်ရယ်မောမောနဲ့တုံ့ပြန်လာသည်။ သူ့မျက်နှာထားက 'လုပ်ကြည့်လေ... ငါ့ကို ဒီလိုစမ်းလို့ရရိုးလား.. ငါ မင်းနောက် မိုးမြေတဆုံး လိုက်မှာ' ဆိုတဲ့ ဇာတ်လမ်းတိုင်းက ဇာတ်လိုက်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေပုံစံမျိုး...။ အမြင်ကပ်စရာကောင်းပေမယ့်လည်း... ကြည့်ကောင်းနေတာမို့ ဘယ်တတ်နိုင်မလဲ...အရှုံးပေးရုံပဲပေါ့။

From The Other SideWhere stories live. Discover now