Lighting အပြည့်ရနေတဲ့ နှင်းတွေကြားထဲက လူနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေရင်း သူတို့လက်တွေကလည်း ဆုပ်ကိုင်ထားကြတယ်....အင်း ..ဒါက ဘယ်လောက်တောင် ပြီးပြည့်စုံပြီး လှပတဲ့ ဇာတ်ဝင်ခန်းမျိုးလဲ...။
ရင်ခုန်ရသည်..... လောလောလတ်လတ် မတ်သရူး ကိုယ်တိုင် ခေါင်းစဉ်တပ်လို့ မရသည့် ရင်ခုန်မှုမျိုး..။
မျက်နှာချောချော အပြုံးနုနု နူးညံ့တဲ့အထိအတွေ့ ချိုမြိန်လွန်းသည့်စကားသံ..၊ အဲ့ဒီအရာတွေ ပိုင်ဆိုင်နေတဲ့ ဆောင်းဟန်ဘင်း လိုလူမျိုးရှေ့မှာ မက်သရူး ရင်မခုန်ဘူးလို့ ငြင်းရင်..ဒါက သေချာပေါက် လိမ်နေတာပင်။
"ဟျောင်း... ရှေ့လျှောက်ရင်းရင်းနှီးနှီး ဖြစ်လာဖို့ အခြေအနေတစ်ခုတော့ ရှိတယ်... ဟျောင်း ဘယ်တော့ မှ mask အောက်က မက်သရူးကို မမြင်ချင်ပါဘူးဆိုတဲ့ ကတိ.."
မက်သရူး စကားဆုံးတော့ ဆောင်းဟန်ဘင်း နဖူးကြောတို့ တွန့်ရှုံ့လို့သွားသည်။
"ဟင်း..အနီးစပ်ဆုံး ဥပမာပေးရရင် .ဂျပန် Animation တစ်ခုမှာ ကောင်လေးက လူသားနဲ့ထိတွေ့လို့မရဘူး...လူသားနဲ့ ထိမိတာနဲ့ ပျောက်ကွယ်သွားနိုင်တယ်... တစ်နေ့မှာ လူသားကလေးတစ်ယောက် လဲကျမှာကို ဖမ်းဆွဲပေးလိုက်လို့ သူ ဟာ ပျောက်ကွယ် သွားရတယ်... ဟျောင်းနဲ့ ကျွန်တော့် ကြားမှာလည်း ဒီ mask မရှိတော့တဲ့နေ့ မက်သရူး က ဟျောင်း ဘဝ ထဲက ပျောက်ကွယ်သွားလိမ့်မယ်.."
မက်သရူးက ဆောင်းဟန်ဘင်း ဆုပ်ကိုင်ထားတဲ့ သူ့ လက်တွေကို အသာရုန်းထုတ်လိုက်ပြီး သူ့ နဖူးသူ ခပ်ဖွဖွ ပွတ်သပ်ရင်း ပြောပြနေသည်။ ဆောင်းဟန်ဘင်း ကတော့ မက်သရူး စကားတွေကို အမီ လိုက်ဖို့ အချိန်ယူနေရတုန်း။
"ဟျောင်း.. ကတိပေးနိုင်တယ် ဆို.. ကျွန်တော့်ကို ဖုန်းဆက်လိုက်...အခုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်.."
မက်သရူး သူ့စကားဆုံးတာနဲ့ တစ်ဖက်ကလူရဲ့ တုံ့ပြန်ချက်တွေကို မစောင့်တော့ဘဲ ခြေလှမ်းသွက်သွက်ဖြင့် ကျောင်းထဲကနေထွက်လာလိုက်တော့သည်။
ဟူးး............... မလွယ်ဘူး.... ဒီယောကျ်ားက အရမ်းကို အန္တရာယ်များလွန်းလို့ သူ့နား ကြာကြာနေရင် ရင်အခုန်လွန်ပြီး မက်သရူး သေသွားနိုင်တယ်။
YOU ARE READING
From The Other Side
FanfictionHanbin x Matthew binthew Fanfiction ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်သာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါ။ ( ၂.၅.၂၀၂၃ မှ ၅.၆.၂၀၂၃ )