ချစ်ရပါသော ယောက္ခမကြီး
Part 2ကျန့်ကျန့် ဒီနေ့တော့သူငယ်ချင်းတွေနဲ့ ချိန်းထားလို့အိပ်ယာစောစောထကာ မနက်စာပြင်ရင်းမေမေ့ကိုစောင့်နေ၏
ခဏကြာတော့ မေမေဆင်းလာပါပြီပိုက်ဆံအိတ်လေးချိုင်းကြားညှပ်ရင်း
ရှောင်းကျန့် "morning မေမေ"
ဒေါ်ထိပ်တင်ထား "morning "
ရှောင်းကျန့် "မေမေ မနက်စာစားတော့မလား"
ဒေါ်ထိပ်တင်ထား "မစားအားသေးပါဘူးအေ ဟိုကောင်မအေးမြဆီ သွားရမယ်"
ရှောင်းကျန့် "မစောလွန်းဘူးလားမေမေရယ်"
ဒေါ်ထိပ်တင်ထား "ဟဲ့စောစောသွားမှသူ့ကိုတွေ့ရမှာပေါ့ မဟုရင်မနေ့ကလိုပဲငါ့ကိုရှောင်နေလိမ့်မယ် "
ရှောင်းကျန့် ကတော့သက်ပြင်းပင်ချမိကာ
ရှောင်းကျန့် "မေမေ ကျန့်ကျန့် လည်းခဏနေသူငယ်ချင်းတွေဆီသွားမယ်နော် မနေ့ကမေမေ့ကိုပြောထားတယ်လေ".
ဒေါ်ထိပ်တင်ထား "သွားအေသွား ညနေမစောင်းခင်ပြန်လာနော် မဟုရင်ငါ့အကြောင်းသိတယ်မလား😏"
ရှောင်းကျန့် "ဟုတ်မေမေ"
ဒေါ်ထိပ်တင်ထား "ဒါဆိုငါသွားပြီ မငယ်မနေ့ကဟင်းတွေကိုပြန်နွေးထားလိုက်နော်"
ကြီးငယ် "ဟုတ် မမထား"
မေမေ ကြီးငယ်ကိုမှာတမ်းချွေပြီးထွက်သွားသည်
ကြီးငယ် "သားကျန့်လေးကတော့ ဒီနေ့ပျော်နေတော့မှာပဲ"
ကြီးငယ် ထမင်းချက်ရင်းလှမ်းပြောသည်
ရှောင်းကျန့် "ပျော်တာပေါ့ကြီးငယ်ရဲ့ ကိုကိုနဲ့မတွေ့ရတာကျောင်းပိတ်ထဲကလေ "
ကြီးငယ် "လွမ်းနေမှာပေါ့😊"
ရှောင်းကျန့် "😃😄"
ကြီးငယ် "သားမေမေသိရင်မိုးမီးလောင်မှာနော် သားဘယ်လိုစဉ်းစားထားလဲ"
ကြီးငယ်ကကျန့်ကျန့်ငယ်ငယ်ထဲ ကထိန်းလာသူမို့အစစအရာရာ တိုင်ပင်ဖြစ်သည်
ရှောင်းကျန့် "ကျန့်ကျန့် လည်းမစဉ်းစားရသေးပါဘူးကြီးငယ်ရယ် ကိုကိုကလည်းပြောစေချင်နေပြီတဲ့လေ ဒါပေမယ့်... "
YOU ARE READING
ချစ်ရပါသော ယောက္ခမကြီး (complete)
Fanfictionအချစ်နဲ့ ယောက္ခမကြားက အခက်အခဲနဲ့မေတ္တာတရားတွေကို ဟာသဆန်ဆန်ခံစားရမယ့် fictionလေးပါ #Yizhan