ချစ်ရပါသော ယောက္ခမကြီး
Part 16ကျင်းလင် စစ်ကျွေး...ဟိုက်😳ဒေါ်ထိပ်တင်ထား ကြီးသိသွားပြီလား....
ကျင်းလင်နဲ့စစ်ကျွေး ကြောက်ဒူးပင်တုံနေ၏
ဒေါ်ထိပ်တင်ထား "သားကျန့် အဆင်ပြေရဲ့လား "
ရှောင်းကျန့် "အဆင်ပြေပါတယ်မေမေ သားနည်းနည်းအိပ်ငိုက်နေလို့ပါ"
ဒေါ်ထိပ်တင်ထား သားကိုစိတ္ပူသြားတာ အခုမှပဲစိတ်အေးရသည်
ရိပေါ် "အဲ့တာကြောင့်ချစ်ကိုပြောတာပေါ့ နေ့ခင်းကအိပ်လိုက်ပါဆိုတာ ကိုမအိပ်ပဲနေကြာပန်းတွေကိုကြည့်နေတာကိုး ပြီးတော့ခရီးပန်းလာတာလဲပါမယ်"
ရိပေါ် ဖောရှောလုပ်ပြီး အကြံကိုမရိပ်မိအောင်ပြောနေ၏
ရှောင်းကျန့် "ဟုတ်မယ်ကိုကို "
ရိပေါ် "ချစ်အရမ်းအိပ်ချင်နေရင်လည်း အခန်းပြန်ရအောင် "
ရှောင်းကျန့် လည်းအရမ်းငိုက်နေတာကြောင့် ခေါင်းငြိမ့်လိုက်သည်
ထို့နောက်ရိပေါ် ခ်စ္ကိုတြဲပီး အခန်းထဲခေါ်သွားလိုက်သည်
ရှောင်းကျန့် အခန်းထဲရောက်တာနဲ့ကုတင်ပေါ်ပစ်လှဲပီးတန်းအိပ်လိုက်သည်
ရိပေါ်ကတော့ စောင်လေးသေချာခြုံပေးရင်း အိပ်ပျော်နေတဲ့ချစ်ရဲ့မျက်နှာလေးကို ငေးနေမိသည်
အချိန်ဘယ်လောက်ကြာအောင်ငေးနေမိတယ်မသိ ညဥ့်တောင်အတော်နက်နေပြီ
ရိပေါ် ကျန့်ကျန့်ဘေးမှာ ဝင်လှဲရင်း
မြတ်နိုးရသူလေးရဲ့ ပါးပြင်လေးကိုနမ်းကာရိပေါ် "good night ချစ်"
ဆိုကာထိုလူသားကိုရင်ခွင်ထဲ နစ်နေအောင်ဖက်ထားပြီးအိပ်စက်လိုက်သည်
ရှောင်းကျန့်တစ်ယောက် နိုးလာလို့ နာရီကြည့်လိုက်တော့ ၅နာရီခွဲပဲရှိသေးသည်
ဘေးမှာအိပ်နေတဲ့ကိုကိုရဲ့ မျက်နှာနုနုလေးကို လက်ချောင်းလေးများဖြင့်ထိတွေ့ရင်း ပြုံးနေမိသည်
ရိပေါ်သူ့မျက်နှာက ယားလာလို့မျက်လုံးလေးဖွင့်ကြည့်တော့ ချစ်ရသူလေးဖြစ်နေ၏
YOU ARE READING
ချစ်ရပါသော ယောက္ခမကြီး (complete)
Fanfictionအချစ်နဲ့ ယောက္ခမကြားက အခက်အခဲနဲ့မေတ္တာတရားတွေကို ဟာသဆန်ဆန်ခံစားရမယ့် fictionလေးပါ #Yizhan