ချစ်ရပါသော ယောက္ခမကြီး
Part 18ကျန့်ကျန့် နိုးလာတော့ ဘေးမှာရိပေါ်မရှိပေ
သူလည်း ဟိုလှိမ့်ဒီလှိမ့်နဲ့နာရီကြည့်လိုက်တော့ရှောင်းကျန့် "ဘုရားရေ ၈နာရီတောင်ကျော်နေပြီ မေမေတော့ ဆူတော့မှာပဲ"
ဆိုပြီး မျက်နှာသစ်ဖို့ထလိုက်တော့ ရုတ်တရက် ကုတင်ပေါ်ပြန်ထိုင်ချသွားသည်
ရှောင်းကျန့် "အား နာလိုက္တာ "
ညည်းတွားရင်း ရေချိုးခန်းဆီသွားလိုက်သည်
ရိပေါ်အခန်းထဲပြန်လာတော့ ကျန့်ကျန့်ကအကျႌတောင်လဲနေပြီ
ရိပေါ် "ဟာ ချစ်ကရေတောင်ချိုးုပြီးနေပြီကို ကိုကိုကမနိုးသေးဘူးတောင်ထင်နေတာ"
ရှောင်းကျန့် "ဟုတ်တယ် ဒီနေ့တော်တော်အိပ်ပျော်သွားတာ မေမေကတော့ပြောတော့မယ်"
ရိပေါ် "ချစ်ပြီးရင် မနက်စာစားဖို့သွားကြမယ်"
ရှောင်းကျန့် "အင်း "
မနက်စာစားပွဲဝိုင်းမှာ ပါးတို့ ကျင်းလင်တို့ ကျန်းချန်တို့ရှိနေသော်လည်း မေမေ့ကိုမတွေ့ပေ
ကျန့်ကျန့်ခုံမှာဝင်ထိုင်ရင်း
ရှောင်းကျန့် "မေမေရော ကျန်းချန် "
ကျန့်ကျန့် အမေးကြောင့် ကျင်းလင်တို့တွေမျက်စိမျက်နှာပျက်သွားကြသည်
ကျန်းချန် "ဟို ဟို ဒေါ်လေးမနိုးသေးဘူးအကိုကျန့်"
ရှောင်းကျန့် "မဖြစ်နိုင်တာ မေမေကတစ်ခါမှ နေမြင့်တဲ့အထိမအိပ်တတ်ပါဘူး "
ကျန်းချန် "အဲ့ဒါက... ဟို"
ဝမ်ပါး "ညကပါးနဲ့စကားပြောရင်း ညဥ့်နက်သွားလို့ပါ ဒါ့ကြောင့် မနိုးတာထင်တယ်"
ကျန်းချန် "ဟုတ်တယ် ဟုတ်တယ်အကို အန်ကယ်ပြောသလိုပဲ"
ရှောင်းကျန့် အနည်းငယ်တော့ သံသယဝင်မိပေမယ့် ပါးဝင်ပြောလို့ စိတ်ရှင်းသွားပေသည်
ရိပေါ်ကတော့ ကျန့်အတွက်မနက်စာလုပ်ပေးနေသည်
ရှောင်းကျန့် "ဒါဆို ကျန့်မေမေ့ကို သွားနှိုးလိုက်ဦးမယ်"
YOU ARE READING
ချစ်ရပါသော ယောက္ခမကြီး (complete)
Fanfictionအချစ်နဲ့ ယောက္ခမကြားက အခက်အခဲနဲ့မေတ္တာတရားတွေကို ဟာသဆန်ဆန်ခံစားရမယ့် fictionလေးပါ #Yizhan