ချစ်ရပါသော ယောက္ခမကြီး
Part 20ကျန်းချန် "ဗ်ာ😳 မမကဆရာ့ ညီမဟုတ္လား"
ဝမ်ချောင် "ဒါ့ပေါ့ကွ "
......သွားပါပြီ ယောက်ဖကို မချေမငန်ဆက်ဆံမိပြီ...
ကျန်းချန် "ဟီး😁 ဆရာ ဘာစားမလဲ ကျွန်တော်ဝယ်ကျွေးပါ့မယ် ကြိုက်တာ မှာစားနော်"
ကျန်းချန် ရှိသမျှသွားတွေပေါ်အောင်ရယ်ရင်း ဝမ်ချောင့်ကို ဖားနေ၏
ဝမ်ချောင် "ကောင်လေးငယ်က ကိုယ့်အပေါ် သဘောတွေကောင်းပြနေပါလား"
ကျန်းချန် "အရင်ထဲက ကျွန်တော်ကသဘောကောင်းတာပါ 😁"
ကျန်းချန်တစ်ယောက် တော့ ဝမ်ချောင့်အပေါ်အမြင်ကြည်ကာ မတရားတွေ သဘောကောင်းနေတော့သည်
ကျန်းချန် ပြန်သွားပြီး သိပ်မကြာခင်မှာပဲ ဝမ်ချောင် ဝန်းချင်နဲ့နှစ်ယောက်ထဲ စကားပြောလိုက်သည်
ဝမ်ချောင် "ညီမ ကျန်းချန်ကိုဘယ်လိုသဘောရလဲ"
ဝန်းချင် "အကို ဘာကိုပြောချင်တာလဲဟင် "
ဝမ်ချောင် "ကျန်းချန်ကိုကြည့်ရတာ ညီမကိုစိတ်ဝင်စားနေတဲ့ပုံပဲ ညမကရောသူ့ကို"
.ဝမ်ချောင် မေးသင့်တယ်ထင်လို့မေးလိုက်ပေမယ့် အရမ်းစိုးရိမ်နေမိသည်
ညမဝန်းချင်သာ ကျန်းချန်ကိုစိတ်ဝင်စားရင် သူ့နှလုံးသားလေးကတော့ ကြေမွသွားပြီ
ဝန်းချင် "အကိုကလည်း ညမက ကျန်းချန်ကိုမောင်လေးအရင်းတစ်ယောက်လိုပဲ ခင်တာပါ အဲ့ထက်မပိုပါဘူး ပြီးတော့သူကအရမ်းပျော်တတ်တော့ ပိုခင်မိသွားတာပါ "
ဝမ်ချောင် "တော်ပါသေးရဲ့ "
ဝန်းချင် "အကို ဘာကိုဆိုလိုတာလဲ 😳"
ဝမ်ချောင်လည်း ဝန်းချင်ကိုအမှန်တိုင်းသာ ပြောလိုက်သည်
ဝမ်ချောင် "အကို ကျန်းချန်ကိုသဘောကျတယ် ညမ သူ့ကိုစတွေ့ထဲကသဘောကျသွားတာ "
ဝန်းချင် "ရှင်😳"
ဝန်းချင် ကိုယ့်နားကိုယ်တောင်မယုံနိုင်ပေ
သူ့အကိုရေခဲတုံးကြီးက စပ်စလူးကျန်းချန်ကို သဘောကျသည်တဲ့လား
YOU ARE READING
ချစ်ရပါသော ယောက္ခမကြီး (complete)
Fanfictionအချစ်နဲ့ ယောက္ခမကြားက အခက်အခဲနဲ့မေတ္တာတရားတွေကို ဟာသဆန်ဆန်ခံစားရမယ့် fictionလေးပါ #Yizhan