U Z 8

639 23 0
                                    

ချစ်ရပါသော ယောက္ခမကြီး
Part 8

ကျန်းချန်တစ်ယောက် နားနေဆောင်ပြန်သွားပြီး ဖိနပ်လဲဖို့လုပ်တော့ ဆရာဝမ်ချောင်ကမရှိပေ

ဒါ့ကြောင့် အတန်းကိုသာပြန်သွားလိုက်သည်

အတန်းထဲမှာလူတော်တော်စုံနေ၏ ကျင်းယီရဲ့ဘေးမှာဝင်ထိုင်လိုက်သည်

ကျင်းယီ "နောက်ကျလှချည်လား ကျန်းချန် "

ကျန်းချန် "အေးကွ မနက်စာစားနေလို့"

ကျန်းချန်ပြင်းနေတာနဲ့ ကျင်းယီ ကိုစဖို့ကြံနေ၏

ကျန်းချန် "ကျင်းယီ "

အသံခပ်အုပ်အုပ်နဲ့ပြောလိုက်တော့ ကျင်းယီအနားတိုးလာကာ

ကျင်းယီ "ဘာလဲ ကျန်းချန် "

ကျန်းချန် "ငါလွယ်အိတ်ထဲမှာ ဆေးပြားတွေပါလာတယ်"

ကျန်းချန် အတည်ပေါက်ကြီးပြောလိုက်တော့ ကျင်းယီလန့်သွားကာ

ကျင်းယီ "မင်း ဘာလို့ယူလာတာလဲတော်ကြာ တစ်ယောက်ယောက် သိလို့သွားတိုင် ကျောင်းထုတ်ခံနေရမယ်နော် "

ကျန်းချန် "အဲ့တာကြောင့် မင်းနဲ့တိုင်ပင်တာပေါ့"

ကျင်းယီ "no. 4လားမင်းရဲ့ ဆေးပြားက"

ကျန်းချန် "ရှောက်သီးဆေးပြား😁"

ကျင်းယီ "ဘာ😠သေနာလေး ငါကအဟုတ်မှတ်လို့ လန့်သွားတာပဲ"

ကျန်းချန် "ဟဲဟဲ 😁😁"

ခဏေနေတာ့ ဝမ်ချောင် အတန်းထဲဝင်လာကာ ကျန်းချန်ရှိတဲ့နောက်ဆုံးတန်းကို လာလိုက်သည်.

ဝမ်ချောင် "ဘာတွေ မွှေသွားလဲမှတ်မိလား "

ကျန်းချန်ရှေ့ရပ်ပြီး မေးလိုက်တော့ ကျန်းချန်ရှိသမျှသွားတွေပေါ်အောင် ပြုံးလိုက်ပြီး

ကျန်းချန် "ဟီး😁 သားကမသိလို့မှားသွားတာပါ ရော့ဆရာ့ဖိနပ်"

ခြေထောက်မှာ စီးထားတဲ့ဖိနပ်ကိုချွတ်ပေးလိုက်သည်

ဝမ်ချောင်လည်း အနည်းငယ်ကျပ်နေတဲ့ ဖိနပ်ကိုချွတ်ပြီး သူ့ဖိနပ်ကို စီးလိုက္ကာ

ချစ်ရပါသော ယောက္ခမကြီး (complete) Where stories live. Discover now