Ep2🐯🐣

79 8 0
                                    

ထယ်ရယ်ဂျီမင်ရယ် jin hyungရယ် သုံးယောက်ကအလုပ်လည်းတူ ဌာနလည်းတူမို့ အိမ်ငှားပြီးသုံးယောက်သားစုနေကြတယ် အပိုထွက်ငွေမကုန်အောင်ချွေတာကြရင်းပေါ့ ထယ်နဲ့မင် ကအထက်ကတည်းကသူငယ်ချင်းတွေဖြစ်လာကြပြီး jin hyungကတော့သူတို့နှစ်ယောက်နဲ့ အလုပ်အတူလုပ်ရင်း သူတို့နဲ့ပေါင်းမိသွားတယ်ဆိုပါတော့

jin hyungကအကြီးအပီပီ နားအေးတယ် တခါတလေ ကြွက်နဲ့ကြောင်ရန်ဖြစ်တဲ့အခါ ဖျန်‌ဖြေသမားလုပ်ရင်း ထယ်နဲ့မင့် ကိုသူညီတွေလိုဆက်ဆံတယ် အဲ့လိုဆက်ဆံပေမဲ့
တစ်ခါတလေ jinhyungက သူ့မိသားစုအရေးဆိုသိုဝှက်လွန်းတယ် သူ့မိသားစုအကြောင်းမေးတိုင်းရေရေရာရာ
ပြောပြလေ့မရှိပြန်ဘူး 

ညနေပိုင်းအလုပ်ဆင်းချိန်ကြသုံးယောက်သားလမ်းလျှောက်ပြန်လာရင်းjinhyungဖုန်းကဝင်လာတယ်
jinhyungမျက်နှာမှာ မမြင်နိုင်တဲ့အပြုံးလှိုင်းလေးတစ်ခုကဖြတ်သွားရင်းပေါ့

"ထယ်လေးနဲ့မင်လေး မှတ်တိုင်ကိုသွားနှင့်နော် hyungဖုန်းပြောစရာလေးရှိလို့"

ထိုစဥ် ထယ်ကမင့်ပခုံးလေးကိုဖက်ရင်း

"ဟုတ်ပြီ hyung ကျွန်တော်တို့သွားနှင့်မယ်  သွားစို့မင်"

"အင်း "

"ထယ် မေးဦးမယ်"

"ဟင် ပြောလေ ချစ်ဘာသိချင်လဲ မင်းအတွက်ဆိုကိုယ်က google ကြီးဖြစ်ပေးနိုင်တယ်နော်"

ထိုစကားကြားတော့ပတ်ဂျီမင်တို့ ကင်မ်ထယ်ယောင်းမျက်စောင်းထိုးပြီလေ ကြည့်မရဘူးဆိုတဲ့အချိုးမျိုးနဲ့ပေါ့
ဒီလိုမျက်စောင်းထိုးရင်ကို ကင်မ်ထယ်ယောင်းကချစ်လှတဲ့သူငယ်ချင်းလေးကိုတစိမ့်စိမ့်ကြည့်သဘောကျနေရောပဲ
ဒါပေမဲ့ ထယ်မသိလိုက်တာကသူ့ရင်ထဲတစ်ရစ်ရစ်ချည်လာတဲ့သံယောဇဥ်ကြိုးလေးက အမျှင်ပါးပါးလေးနဲ့ခိုင်မာနေတာကိုပဲ

" လာပြန်ပြီ မင်းကိုအဲ့လိုမခေါ်ပါနဲ့ဆို မင်းရည်းစားတွေသာခေါ် ငါ့ကိုမခေါ်နဲ့ တကယ်မကြိုက်ဘူး"

"ငါကလည်း မင်းကိုပဲခေါ်တာ ငါ့ရည်းစားတွေကိုမခေါ်ပါဘူး ဒီနာမ်စားလေးက မင်းအတွက်သီးသန့်  မိုက်တယ်မလား"

You are my existenceWhere stories live. Discover now