<ဟင် ငါဘယ်ရောက်နေတာလဲ ≥
jinတစ်ယောက်မျက်လုံးဖွင့်ရင်း ဆိုဖာပေါ်ကနေထကြည့်မိတော့ သူ့အိမ်ကိုပြန်ရောက်နေတာဖြစ်သည်။
သူ့မိဘလုပ်ငန်းဖြစ်တဲ့ coffeeဆိုင်လေးနဲ့တွဲထားခဲ့သည့်အိမ်လေး။≤ ဒါဆို ခုနက အိမ်မက်မက်နေတာပေါ့≥
jinတစ်ယောက် သူ့မိဘတွေနေခဲ့တဲ့အခန်းကိုသွားပြီးကြည့်မိတော့ မျက်ရည်တွေက ဆည်ကျိုးသလိုကျလာမိတော့သည်။
≤လွမ်းတယ် ဖေဖေနဲ့မေမေ အဲ့မှာအဆင်ပြေနေကြတယ်မလား သားကတော့အထီးကျန်တယ် အရင်က သားသိပ်ချစ်တဲ့ညီလေးက သားအပေါ်ကိုအရောင်တွေပြောင်းနေတဲ့မေတ္တာမျိုးတဲ့ သားဘယ်လိုလုပ်ရမလဲဟင် ဖေနဲ့မေ ကသားကိုကောင်းကင်ပေါ်ကနေ
စောင့်ရှောက်ပေးနေတယ်မလား သားကိုလမ်းမှန်ပြပေးကြပါဦး≥ဟုတ်ပါတယ် ဒီနေ့နဲ့ဆို သူ့ရဲ့အဖေနဲ့အမေသူ့ဘဝထဲကထွက်သွားကြတာ ၃နှစ်တင်းတင်းပြည့်ခဲ့ပြီ အိမ်မက်ထဲကအချိန်လေးက joonဆေးကျောင်းသားဘဝတုန်းက သူတို့မိသားစုလေးပျော်ခဲ့ရတဲ့အချိန်တွေပေါ့။
≤ငါ joonကိုပြောခဲ့တဲ့စကားတွေက လွန်များသွားလား ကိုယ်နဲ့စာရင်သူက တက်လမ်းတွေအပြည့်နဲ့လူငယ်လေး သမီးရှင်တွေအကြိုက် ဆရာဝန်လောင်းလျာလေးမို့ အထိခိုက်မခံနိုင်လို့သူပြောခဲ့မိတာ ပြီးတော့ ဒီလက်တွေ ဟုတ်ပါတယ် ရိုက်ဖို့မပြောနဲ့ လက်ညိုးနဲ့တောင် မထိုးခဲ့ဘူးတဲ့သူက ပါးရိုက်လိုက်မိသည် နောင်တရလေသည် ပြေးကြည့်မှ သူတို့နှစ်ယောက်ပဲ ကျန်ခဲ့သည့်ညီလေးကိုဒေါတွေနဲ့ရိုက်မိခဲ့လေခြင်း≥
jinယူကျုံးမရဖြစ်နေလေသည်။ အခန်းထဲပဲလှဲနေရင်း ထမင်းလည်းထမစားမိပေ စားချင်စိတ်မရှိတာဆိုပိုမှန်လိမ့်မည် ဝမ်းနည်းနေတဲ့သူ့အဖို့ ဘယ်ဟာကအရသာရှိနိုင်ပါ့မလဲလေ။ joonနဲ့စကားပြောကြည့်ချင်သည်။ သူ့ဖုန်းကိုထုတ်ကြည့်လိုက် မနေ့က သူပို့ထားတဲ့ massageတွေဖြစ်နေသည်။ သူအိပ်ချင်မူးတူးနဲ့ တကယ်ပို့မိတာပဲ ဒါကိုအိမ်မက်ထဲပို့မိတယ်ထင်နေတာ ဒါဆိုသူဒီနေ့အိမ်ပြန်လာမှာပေါ့ မဖြစ်ဘူး သူjoonအတွက်ဟင်းချက်ကျွေးရမယ် ပြီးရင်သူ့ညီလေးကို နားဝင်အောင်ပြောပြရမယ်။
YOU ARE READING
You are my existence
RomanceV 🤎 min မင်းငါ့ကိုယုံလား မယုံလား မသိပေမဲ့ ငါဘယ်လောက်ရှုပ်ခဲ့ရှုပ်ခဲ့ မင်းဆိုတဲ့ဖြစ်တည်မှု့လေးက ငါအတွက်တော့ ချစ်ခြင်းအသချေႅပါပဲ Min 💛 taetae မင်းကပွေရှုပ်တဲ့သူမို့မင်းအချစ်ကို မယုံရဲတဲ့ငါက မှားများနေမလား တကယ်ဆိုလေ မင်းဆိုတဲ့ဖြစ်တည်မှု့လေးက မင်...