Ep3🐯🐣

105 15 6
                                    

ထယ်တစ်ယောက်ရည်းစားလေးရဲ့စကားကိုသဘောမကျတာကြောင့် စိတ်အတော်ခုပေမဲ့ ကိုယ်သဘောကျနှစ်သက်တဲ့မိန်းကလေးဖြစ်နေပြန်တော့ စကားလုံးတို့ပျောက်ရှဆဲ

"ဂျီအွန်းက ဘာအဓိပ္ပာယ်နဲ့ဒီစကားကိုပြောတာလဲ"
ထယ့်လေသံနည်းနည်းမာလိုက်တာနဲ့ဂျီအွန်းက မျက်နှာမဲ့လျှက်
"ရှင်မဖြေနိုင်လည်းမဖြေနဲ့ ကျွန်မတို့လမ်းခွဲတာပဲဖြစ်သင့်တယ် ထင်တယ်"

"ကောင်းပြီလေ မင်းသဘောပဲ"

"ကင်မ်ကိုနှုတ်ဆက်တယ်နော် good luck ဟွန့်"

"ခုလိုပြသနာမရှာပဲလွမ်းခွဲပေးလို့ကျေးဇူး ဂျီအွန်း"

ထယ်တစ်ယောက်တရွေ့ရွေ့နဲ့ သူတို့နေအိမ်လေးဆီပြန်လာရင်း လွမ်းကျန်နေတဲ့ခံစားချက်မျိုးဖြစ်မနေဘဲပေါ့ပါးနေလေသည် သူ့ကိုခေါက်ဆွဲလုပ်ပေးပြီးစောင့်နေမယ့်ချစ်လှစွာသောသူငယ်ချင်းလေးဆီသို့သာ

"ဟင် အိပ်နေကြပြီထင်တယ် တံခါးလော့ကကျနေပြီ "
Tee tee.....

ထယ်အိမ်ထဲအရောက် ရေသောက်ဖို့ထွက်လာတဲ့အိပ်ချင်မူးတူးအသဲယားစရာလေးကအပြင်ထွက်ရင်းနဲ့တိုးလေ‌သည်

" ဟမ် ထယ်ထယ် မင်းအခုမှပြန်ရောက်တာလား"

"အင်း ဟုတ်တယ်ချစ်ရဲ့အခုပဲရောက်တာ"
ထယ်ကမျက်နှာမသာမယာနဲ့ဖြေတော့ဂျီမင်တို့ဆွေ့ဆွေ့ခုန်ကာစိတ်ပူပြီလေ

"ထယ်ထယ် မင်းမျက်နှာကဘယ်လိုဖြစ်နေတာဲ ဖရိုဖရဲနဲ့ မင်းကောင်မလေးနဲ့စကားများကျပြန်ပြီလား"

"ဒီတစ်ခါစကားများတာမဟုတ်ဘူး အတည်ပျက်လာလိုက်တာ"

"ဟမ် ပျက်တယ် ပြောပြန်ပြီဟိုကပြန်ချော့ရင်ပါသွားမှာကိုများ မယုံပါဗျာ"

"တကယ်ပြောတာ ငါစိတ်ညစ်နေလို့ ချစ်ကနှစ်သိမ့်ပေးပါဦး"

သူ့အခန္ဓာကိုယ်ကြီးမှအားမနာဂျီမင်ကိုယ်လေးကိုအတင်းမှီပြီးပခုံးပေါ်မှေးတင်ကာတင်းနေအောင်ဖတ်ထားလေသည်ဂျီမင်သည်လည်းထယ်စိတ်ညစ်တိုင်းအဲ့လိုအဖတ်ခံနေကျမို့ သူ့ကိုပြန်ဖတ်ပေးထားရင်းအားပေးနေမိလေသည်

You are my existenceWo Geschichten leben. Entdecke jetzt