မနက်လင်းလုဆဲဆဲ ငှက်ကလေးတွေကျိကျိကျကျအသံက နားထဲတိုးဝင်လာသည်မို့ ဂျီမင်တစ်ယောက်ဆက်ပင်မအိပ်နိုင်တော့ အလုပ်ကလည်းသွားရမှာမို့အိပ်ယာထရပေလိမ့်မည် အိပ်ယာကထတော့ ဂျီမင်ကထိုးကိုက်နေတဲ့ခေါင်းလေးကိုင်ရင်း
"အာ ဟုတ်သား မနေ့က ငထယ်နဲ့သောက်ကြတာကို ခေါင်းကကိုက်ပြီပေါ့ ဟင် မနေ့ကဝတ်ထားတာတွေမလဲပဲအိပ်မိတာပဲ သွားပါပြီ ငါ့မွေ့ယာလေးတော့
ဟိုငထယ်စုတ် အကျီလေးတောင်မလဲပေးဘူး အယုတ်တမာလေး ဟွန့်"ပါးစပ်ကပွစိပွစိပြောရင်း ဂျီမင်တစ်ယောက် ရေချိုးခန်းသို့ အပြေးအလွှားဝင်လေသည် အသန့်ကြိုက်လေးမို့ မနေ့ကဒီတိုင်းအိပ်မိတာကို ပွစိပွစိဖြစ်ရင်းပေါ့ ချစ်စရာသေးသေးလေးဖြစ်နေလို့သာပဲ အရမ်းပွစိပွစိပြောသောလေးပါ
ဂျီမင်တစ်ယောက်ရုံးသွားဖို့အဆင်သင့်ဖြစ်နေချိန်
ထယ်ယောင်းက အိပ်မှုံစုတ်ဖွားနဲ့ မျက်လုံးက မပွင့်သေးပဲအခန်းအပြင်ယိုင်တိုင်တိုင်ထွက်လာတော့
ဂျီမင်က" အကို KimTaeHyung နာရီလေးကြည့်ဦးနော် ရုံးချိန်နောက်ကျနေပြီ ဒီနေ့ ငါစောစောရုံးသွားဂမှာပါလို့ အတန်တန်ပြောထားတာကို ငါ့စကားဆို မလေးနက်ဘူး မင်း "
ထယ်ယောင်းလည်းသူပြောလိုက်မှ မျက်စိကို အသားကုန်ပွတ်ရင်း အိပ်ချင်မူးတူးလေးနဲ့ သာဆိုသည်
" မလေးနက်တာ မဟုတ်ပါဘူး ချစ်ရာ မနေ့ညက အရမ်းရစ်ပြီး ဗိုလ်ကျနေတာ ဘယ်က ဘဲနှုတ်သီးလည်းမသိပါဘူး အဲ့ဒါကြောင့် အိပ်ယာဝင်နောက်ကျသွားလို့ "
ဂျီမင်က သူ့ကိုဘဲနှုတ်သီးလို့ပြောရမလားဆိုပြီး
နှုတ်ခမ်းလေးစူချိတ်ကာ စိတ်ကောက်ဖို့ပြင်တော့သည် ဒီအရေးကိုမြင်တဲ့ ထယ်ယောင်းက"စတာပါ ချစ်ရဲ့ ၁၀မိနစ်ပဲပေး ၁၀မိနစ်ဆိုပြီးပြီ ok"
"မြန်မြန်လုပ် ဒါနဲ့ မင်းညက ရေချိုးသေးလား "
"အင်းချိုးတယ်လေ ဘာဖြစ်လို့လဲ"
"မင်းဆီက အနံ့တစ်မျိုးရနေလို့"
"အာ ဟုတ်တယ် sorry ညက ဆေးလိပ်နည်းနည်းသောက်လိုက်မိလို့ပါကွာ ဘုရားစူး၁လိပ်ထဲ "
YOU ARE READING
You are my existence
RomanceV 🤎 min မင်းငါ့ကိုယုံလား မယုံလား မသိပေမဲ့ ငါဘယ်လောက်ရှုပ်ခဲ့ရှုပ်ခဲ့ မင်းဆိုတဲ့ဖြစ်တည်မှု့လေးက ငါအတွက်တော့ ချစ်ခြင်းအသချေႅပါပဲ Min 💛 taetae မင်းကပွေရှုပ်တဲ့သူမို့မင်းအချစ်ကို မယုံရဲတဲ့ငါက မှားများနေမလား တကယ်ဆိုလေ မင်းဆိုတဲ့ဖြစ်တည်မှု့လေးက မင်...