≤ ဟိုထား ဒါရိုက်တာချုပ်ကြီး ဖက်ထားတာလေး
လွှတ်ဦး အလုပ်ဝင်ရတော့မယ် တစ်အိမ်တည်းအတူနေနေတာကို ဖတ်လို့မဝသေးဘူးလားရှင့် ≥≤သဲသဲက အလုပ်မှာတနေကုန်မြင်နေရပြီး မထိရ
မကိုင်ရဆိုတော့ ကို့ကိုသနားဦးလေ အခုလည်း လူအလစ်မှာ ချိန်းတွေ့ပါတယ်ဆို ဟို အတွဲကြောင့် ပျက်စီးသွားပြီလေ≥Jungkookက ဒါရိုက်တာချုပ် image ပါ အပျက်ခံပြီးသူချစ်ရသူနား စူပုတ်ပုတ်လုပ်နေလေရဲ့
≤ကဲပါ ကိုရယ် ညနေအပြန်ကျ dateမယ်လေ နော်
နော်လို့ ≥≤တကယ်လား ≥
≤အင်း တကယ်ပေါ့ကိုရဲ့ အခုတော့ အမှု့အတွက် အလုပ်ကလေးလုပ်ကြစို့နော် ဌာနထဲသွားတော့မယ်≥
≤ညနေ ကတိနော် သဲသဲ ≥
≤အွန်း သွားပြီ မွမွ ကိုရေ ချစ်တယ်နော် ≥
jungkookလဲ သူ့အချစ်ကလေး အပြေးအလွှားကြားက မွမွဆိုတဲ့အသံလေးကြောင့်ပြုံးစိစိဖြစ်နေသည်။
At design group
"ဂျီမင် ဒီနေ့ မင်း ဟန်ဘိုရာ ကိုအလုပ်ခိုင်းရင်းနဲ့ နည်းနည်းပါးပါး ချိန်းကြည့်ကွာ နော် သူနဲ့အပြင်ထွက်လို့ရအောင်မင်းကသေချာ ချိန်းနော် ရအောင်ချိန်းကြည့်ကွာ"
"အေးပါကွာ တကယ်ပါပဲ မင်းအဲလောက်အဖြစ်သဲနေတာ မင်းကိုယ့်ဘာသာချိန်းလိုက်ပါလား ချက်ချင်းဖွင့်ပြောလိုက် ပြီးနေတာကို ဘာတွေဇယားရှုပ်နေတာတုန်း"
"ဟူး အဲ့လောက်မလွယ်လို့ပေါ့ကွ အမှန်တိုင်းပြောရရင် အစ်မယူရီဆီကသိရလောက်ဆို သူကငါနဲ့မင်းကို
အတွဲဆိုပြီးထင်နေတာ အဲ့ဒါကြောင့် သူ့နားကပ်ပြီး
နားလည်မှု့ယူချင်တာလေ လောလောဆယ် သူထင်ချင်သလို ထင်ပါစေဆိုပြီးထားထားတာ""မင်း ဟာကလည်းကွာတကယ်ပါ မင်းကြိုက်လိုက်မှဖြင့် ဟေ့ ဟေ့ အဲ့မျက်နှာကြီးလုပ်မနေနဲ့ ငါကူညီမယ် ဟုတ်ပြီလား "
" ချစ် မင်းအကောင်းဆုံးပဲ"
ဂျီမင်က မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းရမ်းရင်း အပြင်အဝင်ဝမှာ သူတို့ကိုချောင်းကြည့်နေတဲ့ အစ်မယူရီနဲ့ ဘိုရာကိုမြင်လေသည်။ ကင်မ်ထယ်ယောင်း ဟန်ဘိုရာနဲ့ အမြန်ကြိုက်ကြမှအေးပါမယ် မဟုတ်ရင်သူ့နားတစ်ကပ်ကပ်နဲ့လုပ်နေတက်သူ။
YOU ARE READING
You are my existence
RomanceV 🤎 min မင်းငါ့ကိုယုံလား မယုံလား မသိပေမဲ့ ငါဘယ်လောက်ရှုပ်ခဲ့ရှုပ်ခဲ့ မင်းဆိုတဲ့ဖြစ်တည်မှု့လေးက ငါအတွက်တော့ ချစ်ခြင်းအသချေႅပါပဲ Min 💛 taetae မင်းကပွေရှုပ်တဲ့သူမို့မင်းအချစ်ကို မယုံရဲတဲ့ငါက မှားများနေမလား တကယ်ဆိုလေ မင်းဆိုတဲ့ဖြစ်တည်မှု့လေးက မင်...