2(warning)

10.3K 412 33
                                    

[Zawgyi]
နားထဲမှာ လေတိုးသံ တဝေ့ဝေ့ကိုကြားနေရတယ်။သူ့ဘေးပတ်ပတ်လည်ကတော့အမှောင်အတိနဲ့ပဲ။ပိတ်ပိတ်ပိန်းအောင်မှောင်နေတဲ့ တောနက်ကြီးထဲသူဘယ်လိုက်ရောက်လာခဲ့သလဲဆိုတာတွေးမရဘူး။မျက်စိကိုဖွင့်နားကိုစွင့်ပြီး စမ်းတဝါးဝါးနဲ့လျှောက်လာခဲ့တယ်။

ဝေါင်းးးးးးးးးးးးးးးးး

ကျယ်လောင်တဲ့ ကျားဟိန်းသံကြောင့် သူငြိမ်သက်စွာရပ်လိုက်တယ်။လက်ထဲအသင့်ပါလာတဲ့ ရိုင်ဖယ်ကိုပါအသင့်အနေအထားကိုပြောင်းကိုင်လိုက်တယ်။

ကျွတ်...ကျွတ်..

ဂျိ....

သစ်ရွက်ခြောက်တွေကသူ့ခြေဖဝါးအောက်အပြည့်ဖြစ်နေတာမို့သူနည်းနည်းလှုတ်လိုက်တာနဲ့ အသံမြည်သွားတော့ လှုတ်လှုတ်ရှားရှားဖြစ်လာတဲ့အသံတွေကြားလိုက်ရတယ်။

သူအသက်ရှူသံမြန်လာတယ်၊ ဒီလောက်မဲမှောင်နေတဲ့ကြားမှာ အသက်ရှိနေတဲ့ကျားတစ်ကောင်နဲ့ ရင်ဆိုင်ရမှာမို့ စိတ်ပါလှုတ်ရှားလာတယ်။

ရုတ်တရက် သူ့အရှေ့တည့်တည့်ကနေ တစ်စုံတစ်ရာကခုန်ဝင်လာတာမို့ သူုပြင်ဆင်ချိန်မရလိုက်ပဲ လက်ထဲက သေနစ်လဲအဝေးလွင့်သွား၏။လေတွေတဝေါဝေါတိုက်လာသည့်အချိန်တွင် ကာစီးထားသောအပင်တွေပါရမ်းခါနေပြီးမှ လရဲ့အလင်းရောင်မှိန်ဖြဖြကတောနက်ထဲ တိုးဝင်လာခဲ့သည်။

အသင့်ဆောင်ထားတဲ့ဓားမြှောင်ကိုထုတ်လို့ သူ့အားဒေါသတကြီးဖြစ်နေသည့် ကျားကို တစ်ချက်ကြည့်လိုက်၏။နဖူးပေါ်က စီးကျလာသောသွေးအချို့နဲ့အတူ တဆစ်ဆစ်ကိုက်ခဲလာတာမို့ မျက်မှောင်ကျုံ့မိလျက်သား။

ကျားကတစ်ဖန်သူ့အပေါ်ခုန်အုပ်ဖို့ ပြေးလာသည်။အလင်းအနည်းငယ်ရှိလာပြီမို့ သူကလည်း ရှောင်တိမ်းလိုက်ပြီး ကျားနှင့်လုံးထွေးသတ်ပုတ်လေသည်။စကတည်းက သူ့လက်ချက်ဖြင့်ကျား၏ဝမ်းဗိုက်အားလျှပ်ထိလေတော့သည်။ဒေါသပိုကြီးလာသည့်ကျားက မြင်မြင်ရာကိုပါဖျက်ဆီးပစ်လာ၏။အချိန်အတန်ကြာအောင် လုံးထွေးပြီးသည့်နောက်တွင် မဟာဝီလီလျံ၏လက်ချက်ဖြင့် ကျားသေဆုံးသွားရသည်။လက်မောင်း၊ ကျောကုန်းနှင့် နဖူးအထက်တွင် သွေးချင်းချင်းနီနေသည့် ဒဏ်ရာဖြင့် မဟာဝီလီလျံမှာ ကျားသေကိုထမ်းလို့ပြန်လာခဲ့သည်။

သခင်ကြီးWhere stories live. Discover now