[Zawgyi]
ဥဥအိပ်ယာနိုးတော့ အိမ်ကြီးထဲမှာ ရှိတဲ့အစေခံတွေအားလုံးက သူတို့အလုပ်နဲ့သူတို့ ရှုတ်ယှက်ခတ်နေကြသည်။"သခင်ကြီးကခေါ်ခိုင်းလိုက်တယ်..ဥဥ..ငါးမိနစ်အတွင်းမှာ အိမ်ရှေ့ရောက်အောင်လာခဲ့တဲ့.."
"ဟုတ်.."
ဥဥက သူ့ခြေထောက်ကလေးတွေကိုအစေခံတွေဝတ်လေ့ရှိတဲ့ ဖိနပ်အကြမ်းလေးထဲ ထိုးထည့်လို့ ကယောသောပါးနဲ့အခန်းထဲက ပြေးထွက်လာ၏။အိမ်ကြီးဆီရောက်ပြီးတစ်ပတ်ကြာပြီးမှ သခင်ကြီးက သူ့အားအခေါ်လွှတ်ခြင်းဖြစ်သည်။အိမ်အပေါ်ထပ်စီမဟုတ်ပါပဲ အိမ်ရှေ့ဆီမို့သာတော်သေးသည်။အချိန်ငါးမိနစ်အတွင်းမှာ အရောက်လာဖို့ဆို အထစ်တစ်ရာရှိသောလှေကားမှာ ဥဥအသက်ထွက်သွားလိမ့်မည်ထင်သည်။
လှုတ်လှုတ်ရှားရှားဖြင့်သွားလာနေသည့် အိမ်စေများအားသတိထား၍ရှောင်ကာ ခပ်မြန်မြန်ပြေးရလေသည်။
********
"မဟာ....အဲ့ဒီကလေးကို အနားခေါ်ထားတယ်ဆို.."
"ဆိုပါတော့..."
သူငယ်ချင်းဖြစ်သူ၏အမေးကိုသူကဤသို့သာပြန်ဖြေသည်။
"သူတို့ဖြစ်တဲ့ကိစ္စက အဲ့ဒီကလေးနဲ့မဆိုင်ဘူးလေ.."
"ဘာလို့မဆိုင်ရမှာလည်း...သူက အဲ့ဒီလူရဲ့သွေးသားလေ...သူ့အဖေလုပ်ရက်က သူ့သားနဲ့မဆိုင်ဘူးလို့ ဘယ်လိုလုပ်များပြောရတာလည်း...နိုင်း.."
နိုင်းမော်က သက်ပျင်းချသည်။လွန်ခဲ့တဲ့ဆယ့်ခုနှစ်နှစ်လောက်က ပြသနာက ဒီကလေးနှင့်အဘယ်သို့များသက်ဆိုင်ပါ့မလဲ။အဲ့ဒီဖြစ်ရပ်တွေဖြစ်ခဲ့တုန်းက ဒီကလေးက အသက်၂နှစ်မျှသာရှိနေခဲ့တာလေ။
********
"သ...သခင်ကြီး...ဥဥရောက်ပါပြီ.."
ရွှေဝါရောင်ဆံပင်လုံးလုံးလေးဖြင့်ကောင်ကလေးတစ်ယောက်ရောက်လာ၏။နိုင်းမော်က ထိုကလေးကိုကြည့်လိုက်လေသည်။
~ဒီလောက်ချစ်စရာကလေးကို မဟာကဘာကြောင့်များ အသည်းအသန်မုန်းနေရတာလည်း။အဖေရဲ့အပြစ်က သားသမီးနဲ့မဆိုင်ဘူးလေ။
ကားတစ်စီး၏ဘေးတွင် သခင်ကြီးက အရည်တွဲတွဲနှင့်သားရည်တမြားမြားကျနေသည့် ခွေးအကြီးကြီးတစ်ကောင်နှင့်အတူရှိနေ၏။တွန့်ဆုတ်တွန်ုဆုတ်ဖြစ်နေသည့်ဥဥမှာ ခွေးတော့ အင်မတန်ကြောက်သည်။