1

2.9K 227 16
                                    

" ပြတ်မယ် "

" ကျန်းဟာအို !"

" ပြတ်မယ်လို့...မင်းလိုကောင်နဲ့ မပတ်သက်ချင်တော့ဘူး "

"တော်လိုက်တော့နော် "

ဒေါသတကြီး သူ့ရှေ့ရောက်လာတဲ့ ဆောင်းဟန်ဘင်းကြောင့် ဟာအိုကလည်း မျက်နှာကိုမော့ထားပေးလိုက်သည်။ဘာလဲ...ဘာလုပ်ချင်တာလည်းသူက။

" မတော်ဘူး မတော်တော့ဘာလုပ်ချင်လည်း...မင်းကငါ့ကိုရိုက်ချင်တာလား ရိုက်ရဲရင်ရိုက်ကြည့်လေ ငါ့ကိုနှိပ်စက်နေတယ်ဆိုပြီး အော်ပစ်မှာ "

ဟန်ဘင်းက စိတ်ပျက်လက်ပျက်နဲ့ လက်သီးတပြင်ပြင်။ သူကများ လူကို လုပ်ချင်သေးတယ်ပေါ့။ ကျန်းဟာအို ကိုဘာမှတ်နေလည်း။

" ပါးစပ်ပိတ်ထားလိုက်တော့....အမြဲ ပြသနာရှာနေမှဖြစ်မှာလား "

"ပြသနာရှာတယ်ဟုတ်လား..။မင်းဆိုတဲ့ကောင်က ဘယ်တော့မှ ကိုယ့်မျက်ချေးကိုယ်မမြင်ဘူး။ "

" ခဏခဏရှင်းပြနေရတာ စိတ်ပျက်လာပြီ "

စိတ်ပျက်တယ်တဲ့။ သူက ဟာအိုကိုများ စိတ်ပျက်နေပြီတဲ့။ ကျန်းဟာအိုက သူ့ထက်တောင် အဆတစ်ရာ စိတ်ပျက်သေးတယ်။အလကား ကတိမတည်တဲ့ကောင်။

" ဒါဆိုလည်း အစတည်းက မရှင်းပြရအောင် အနေအထိုင်ဆင်ခြင်လေ "

"ခုကရော ငါတို့ဘာလုပ်နေလို့လည်း သူတစ်ယောက်တည်း ထမင်းစားမယ့်အဖော်မရှိလို့ ငါနဲ့အတူ canteenမှာထိုင်စားရုံပဲ။ canteenထဲလည်း တခြားဌာနက လူတွေလည်းရှိတယ်။ အဲ့တာကိုဘာတွေ ပြသနာရှာနေတာလည်း "

" အဲ့မိန်းမနဲ့မို့လို့လေ။ အဲ့မိန်းမက မင်းရဲ့ ရည်းစားဟောင်းဖြစ်ခဲ့ဖူးလို့လေ "

"အဲ့ဒါ အတိတ်တွေမှာကျန်ခဲ့ပြီလေ ခုသူလည်းနောက်လဆို weddingပဲလုပ်တော့မှာ ငါတို့ကိုလည်းဖိတ်စာပေးထားသေးတာပဲ "

"ဘာပဲ ဖြစ်ဖြစ် ငါမကြိုက်ဘူးလေ...မင်းငါ့ကို ကတိပေးထားတယ်လေ သူ့မဂ်လာဆောင်လည်းမသွားဖို့ သူနဲ့လည်းအတူတူရှိနေတာကိုမမြင်စေရဘူးလို့ "

အာခေါင်ခြစ်အော်ပြော မိလိုက်တာ မျက်ရည်တွေပါဝဲလာသည်အထိ။ တကယ် စိတ်တိုလွန်းလို့သေတော့မယ်။ ဒီလောက်ထိ ဟာအို က မကြိုက်ပါဘူးပြောထားရဲ့နဲ့ သူ့ကိုသေလောက်အောင်သဝန်တိုပါတယ်လို့ခဏခဏပြောထားရဲ့နဲ့ ဆောင်းဟန်ဘင်းက သူ့စိတ်ကိုဆွလွန်းသည်။

Love's Sweet RefrainWhere stories live. Discover now