5

1.6K 203 20
                                        

အထက်တန်းတစ်နှစ်လုံး ဆောင်းဟန်ဘင်းမှာ စာကတစ်ဖက် အနာဂတ်ချစ်သူကလေးကို ပိုးပန်းရတာတစ်ဖက်နဲ့ အားမနေခဲ့ပါဘူး။

ဟာအိုကလေးက နဂိုကတည်းက စူစူပုတ်ပုတ်ချစ်စရာလေးမို့ လာသဘောကျ ကြတဲ့ လူတွေရဲ့ ရန်ကနေလည်း ကာကွယ်ရသေးတယ်။

ခုလည်း သူတို့အငယ်တန်းက ကောင်တစ်ကောင်က ဟာအိုကလေးအနားမှာခြင် ​လို လာလာဝဲနေတာ။ ဟန်ဘင်း ခဏခဏသတိပေးလည်း အဲ့သကောင့်သားက လက်မလျှော့။ ဟာအိုကလေးက ရန်ဖြစ်ရင်မကြိုက်ပါဘူးဆိုထားတာမို့ ဟန်ဘင်းမှာမနည်းစိတ်ထိန်းနေရတာ။

ဟာအိုကလေး ချစ်သူ ဖြစ်ဖို့ကြိုးစားနေစဥ်ကာလအတွင်း ဟန်ဘင်း ဘာတစ်ခုမှ အမှားမလုပ်မိအောင် စောင့်ထိန်းနေရတယ်လေ။ အနီးကပ်မြင်နေရတဲ့ ချစ်စရာလေးကို ကြင်နာချင်တာတောင်မရဲ။

ဟာအိုကလေးက စိတ်ကလည်းကြီးသေးတယ်လေ။ လက်ကလည်းပါတတ်သေးတယ်။ တစ်ခါတစ်လေဆို ဟန်ဘင်းမှာ သူ့အနားလေးကပ်လို့ အီစီကလီပြောမိရင် ​ဗိုက်ခေါက်ကို လိမ်လိမ်ဆွဲတာများ ပြတ်ထွက်တော့မလိုပဲ။

ဒါပေမယ့်လည်း အချစ်ကလေးမို့ ငြိမ်ခံနေရတာပဲ။မဟုတ်ရင် ကောက်တာလေ။ မနက်တိုင်း ဟာအိုကလေးအတွက် နို့အေးကလေးနဲ့ ကြက်ဥပူတင်းကလည်း မပါမဖြစ်။ ဟန်ဘင်းပဲ တစ်နှစ်ပတ်လုံး နို့တွေပဲတိုက်နေလို့လားမသိ ဟာအိုကလေးနားရောက်ရင် နို့နံ့လေးကိုရနေတာ။ ဟန်ဘင်း ဝါးစားချင်တာလည်းမပြောနဲ့လေ ဟာအိုကလေးကိုက နို့ပူတင်းလေးလို အိအိတုန်တုန်လေးဖြစ်နေတာ။

သူ့ကို နို့ပူတင်းလေးလို့ ချစ်စနိုးခေါ်ရင်လည်းမကြိုက်ချင်။ ဟန်ဘင်းကို မျက်စောင်းကလေးထိုးရတာအမော။ ဟန်ဘင်းကတော့ ဟာအိုကလေးရဲ့ အဲ့သည့်အမူရာလေးမြင်တိုင်း ဖက်နမ်းပစ်ချင်တာပဲ။

ဒီနေ့က အထက်တန်းေနာက်ဆုံးနှစ်ရဲ့ နောက်ဆုံးစာမေးပွဲမတိုင်ခင်ရက်တွေဖြစ်သည်။ ထုံးစံအတိုင်း ဟန်ဘင်းကတော့ ကျောင်းရောက်တာနဲ့ အချစ်ကလေးဆီ အပြေးလေးအရင်သွားရတာပဲ။

အခန်းထဲ ဝင်ဖို့ပြင်လိုက်ပေမယ့် ဟာအိုကလေးဘေးမှာရှိနေတဲ့ အငယ်တန်းက ကောင်ကို မြင်လိုက်ရတော့ စိတ်ထဲထောင်းခနဲ။ ဘာလာလုပ်ပြန်တာလဲအဲ့ကောင်။ ဟန်ဘင်း ဒေါသကိုဆွနေတာ။

Love's Sweet RefrainWhere stories live. Discover now