1

3.9K 184 6
                                    

Don't Be Serious,This is such a fan fiction!!❗

______________________________________
ကျန်းဟောင့်ရှစ်နှစ်အရွယ်တွင်မိဘတွေကွာရှင်းပြီးနောက်သူဟာအမေဖြစ်သူနဲ့တရုတ်ပြည်ကိုပြန်သွားခဲ့ရသည်

သူအသက်၁၈ အထက်တန်းဖြေပြီးနှစ်လအကြာတွင်အမေဖြစ်သူကဆုံးသွားခဲ့သည်
အမေ့ကိုအသုဘ ချပြီးနောက်အဖေဖြစ်သူက သူနှင့်အတူကိုရီးယားသို့ပြန်လိုက်ခဲ့ရန်ခေါ်သည်

"ရှောင်ဟောင့် အဖေနဲ့အတူပြန်လိုက်ခဲ့ပါလား"

"ဟက် အဖေကျွန်တော့်ကိုအဖေ့နောက်အိမ်ထောင်နဲ့နေခိုင်းမလို့လား"

သားဖြစ်သူ၏စကားကိုကြားပြီးမစ္စတာကျန်းမှာဘာမှပြန်မပြောနိုင်ဘဲ ခေတ္တငြိမ်သွားခဲ့သည် သူနှင့်ကျန်းဟောင့်ရဲ့အမေကွာရှင်းခဲ့ရတာလဲဒီကိစ္စကြောင့်ဘဲလေ

"အံ့သြစရာဘဲ မေမေနဲ့ကွာရှင်းပြီးဆယ်နှစ်အတွင်းဖေဖေတောင်အိမ်ထောင်နှစ်ဆက်နဲ့သာယာနေခဲ့တာဘဲ"

"ရှောင်ဟောင့် သားသာ‌‌ေဖဖေနဲ့ပြန်လိုက်ခဲ့မယ်ဆို သားတောင်းဆိုသမျှ‌ေဖဖေလုပ်ပေးပါ့မယ် တက္ကသိုလ်တက်ဘွဲ့ရပြီးရင်ကုမ္မဏီကိုလိုချင်တယ်ဆိုရင်လည်းဖေဖေလွဲပေးပါ့မယ် အဓိက ကသားဖြစ်နေဖို့ ဖေဖေ့သားကျန်းဟောင့်ဖြစ်နေဖို့ဘဲ"

"ဘာလဲ ‌ဖေဖေ့သားငယ်နဲ့သမီးလေးကို စိတ်တိုင်းမကျလို့လား"

သားဖြစ်သူ၏မေးခွန်းအတွက်မစ္စတာကျန်းဟုန်ယိထံတွင်အဖြေမရှိ မဖြေချင်ဘူးဆိုပိုမှန်လိမ့်မည် သားငယ်ဟူသောတစ်ယောက်မှာ ဒုတိယဇနီး၏မယားပါသားသာဖြစ်ပြီးသူ့မျိုးရိုးခံယူထားခြင်းမရှိသည်ကြောင့် အမွေမပေးလိုခြင်း သမီးမှာတတိယဇနီးနှင့်သူ၏သွေးသားဖြစ်သော်လည်း အသက်အရွယ်အားဖြင့်ငယ်လွန်းနေသေးသောကြောင့်ထည့်မစဥ်းစားခြင်း

"ကောင်းပြီလေ ဖေဖေ့ဘက်ကကမ်းလှမ်းချက်ကစိတ်ဝင်စားဖို့ကောင်းနေမှတော့ ကျွန်တော်လိုက်ခဲ့မယ်လေ တစ်ခုတော့ရှိတယ် ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုဖေဖေဝင်စွက်ဖက်ခွင့်မရှိပါဘူး"

"ဖေဖေလက်ခံပါတယ် သားဖေဖေနဲ့လိုက်ခဲ့ရင်ကိုဖေဖေကပျော်နေပါပြီ"

Cigarettes : Wanna Kiss Your Sweet LipsWhere stories live. Discover now