10

1.4K 109 6
                                    

ယနေ့ယူဂျင်းသူ့အကိုပြောလိုက်တဲ့ ကွန်တိုပြောင်းနေကြမယ်ဆိုတဲ့စကားကြောင့် ပျော်ပျော်ကြီးအထုပ်ပြင်နေသည် အထုပ်ပြင်ပြီးအခန်းပြင်ထွက်လာတော့ အကိုကဧည့်ခန်းကဆိုဖာပေါ်ရောက်နေပြီ

"ပြီးပြီဆိုသွားရအောင်"

ကျန်းဟောင့် ယူဂျင်းခေါင်းလုံးလုံးလေးကိုလှမ်းပုတ်ပေးလိုက်သည် ဒါလား ၁၈နှစ်ပြည့်တော့မယ့်လူ ကျန်းဟောင့်မျက်လုံးထဲ ငါးနှစ်သားလေးဟုသာမြင်သည် ထိုမျှလောက် ကျန်းဟောင့်ဟာသူ့နေကြာပန်းလေးကိုချစ်သည်

"နှစ်ယောက်သားဘယ်လဲ"

"ခင်ဗျားနဲ့မဆိုင်ဘူး"

"ရှောင်ဟောင့် မင်းကိုယ့်အမေကိုဘယ်လိုပြောလိုက်တာလဲ"

"ကျွန်တော့်မေမေက တစ်ယောက်တည်းဘဲရှိတာ လွန်ခဲ့တဲ့ ၄နှစ် ကျွန်တော်အသက်၁၈တည်းကဆုံးသွားပြီ"

"မင်းကိုအိမ်ကထွက်သွားခွင့်ဘယ်သူပေးလို့လဲ"

"ဖိုးဖိုးကကျွန်တော်တို့နှစ်ယောက်ကိုသူဝယ်ထားတဲ့ကွန်တိုမှာသွားနေခိုင်းတာ"

ပြောရင်းကျန်းဟောင့်သူ့အဖိုးကိုဖုန်းလှမ်းဆက်လိုက်ကာ စပီကာဖွင့်လိုက်သည်

"ဘာနေနေမင်းတို့နှစ်ယောက်အိမ်ပြင်မထွက်ရဘူး"

"ဘယ်သူငါ့မြေးကိုတားနေတာလဲဟေ့"
ဖုန်းထဲကအဖိုးသံထွက်လာတဲ့ချိန် ကျန်းဟုန်ယိ သူ့သားကိုလက်ညိုးထိုးပြီး

"မင်းခုအားကိုးရှာနေတာပေါ့ အဖေလည်းသိရဲ့သားနဲ့ သူတို့နှစ်ကောင်ကဘာတွေလဲဆိုတာ"

"ငါ့မြေးနှစ်ယောက်ကိုငါနေစေချင်တဲ့နေရာနေခိုင်းမယ်လျှာမရှည်နဲ့ မင်းငါ့မြေးကိုအိမ်ပြင်ထွက်နေခွင့်ပေးမလား မင်းတို့သားအဖသုံးယောက်ကဘဲ အဲ့အိမ်ပေါ်က အထုပ်နဲ့ဆင်းမလား ကြိုက်တာရွေး"

"အကို ကျွန်မနဲ့သမီးလေးကတော့ အိမ်ပေါ်ကနေမဆင်းနိုင်ဘူးရှင့် ဆင်းချင်တဲ့လူကိုဘဲ ပေးဆင်းလိုက်ပါနော်"

ပတ်ဟာယွန်းရဲ့စကားကိုကြားတော့ကျန်းဟောင့်က

"Chen Chen ရေ ကပ်ပါးကောင်တချို့က သူကပ်နေတဲ့နေရာကနေကပ်ခွင့်မရတော့မှာကိုတော့ကြောက်သားနော် ဟဟ"

Cigarettes : Wanna Kiss Your Sweet LipsWhere stories live. Discover now