9

1.4K 130 9
                                    

အဖိုးကခေါ်လိုက်တာကြောင့်ကျန်းဟောင့်ဂန်နမ်ကအဖိုးအိမ်ရောက်နေသည်

"ဖိုးဖိုးကဘာကိစ္စရှိလို့လဲ"

"နက်ဖြန်ညနေကျရင် အဖိုးမင်းအတွက်ရှာပေးထားတဲ့လက်တွဲဖော်လောင်းလေးသွားတွေ့လိုက်ပါဦး ကောင်မလေးကမင်းကြိုက်လောက်မယ့်ပုံစံလေးဘဲ ရွေးပေး..."

"ဖိုးဖိုးခုဘယ်ခေတ်မှာနေနေတာလဲ"

"ရှောင်ဟောင့် မင်းမှာအတွန့်တက်ခွင့်မရှိဘူး"

"တောင်းပန်ပါတယ် ကျွန်တော်သွားမတွေ့နိုင်ဘူး"

"မင်းမှာရည်းစားတွေဘာတွေရှိလို့လား ရှိနေရင်လည်းအိမ်ကိုခေါ်ခဲ့လေ ငါလိုက်စီစဥ်နေစရာမလိုတော့ဘူးပေါ့ ဟမ့် ခုခေတ်ကလေးတွေများ နှေးလိုက်တာ ဘယ်အိမ်ကကလေးမလေးလည်းပြောပါဦး ငါချက်ချင်းသွားတောင်းပေးမယ်"

ကျန်းဟောင့်မှာကြောက်ကြောက်နှင့်

"ကောင်မလေးမဟုတ်ဘူးဆိုရင်ကော"

လက်ဖက်ရည်သောက်နေသောဖိုးဖိုးမှာဖူးကနဲ သီးပါသီးသည်

"ဖိုးဖိုးအဆင်ပြေလား"

"ဟုန်ယိ ငါ့ကိုပြောပြထားသလိုတော့မဟုတ်ပါဘူးနော် မြေးလေး"

သူ့အဖိုးပြောတာကိုကျန်းဟောင့်နားမလည် သူနဲ့ဟန်ဘင်းတွဲနေတာ မက်ချူးနဲ့ရီခီတို့အတွဲကလွဲပြီး မည်သူမှမသိ ဂင်မ်ဂယူဘင်းနဲ့ဟန်ဘင်းရဲ့သူငယ်ချင်းထယ်ရယ်တောင်မသိတာကို အဖေကဘယ်လိုသိတာလဲ သူ့နောက်လိုက်တဲ့ ဟိုမိထွေးရဲ့လူတွေကိုလည်း သူကိုယ်တိုင်ရှင်းခဲ့တာပင် အဲ့တာတောင်ဘယ်ကနေသိတာလဲ

"ဖေဖေကဘာပြောလို့လည်း ဖိုးဖိုး"

"ဟုန်ယိပြောတာ မင်းနဲ့ Wei Chen တွဲနေတာဆို ဒါတော့ငါသဘောမတူဘူးရှောင်ဟောင့် မင်းယောက်ျားလေးတွေသဘောကျတယ်ဆိုလည်း ငါဘာမှမပြောဘူး Wei Chen မဟုတ်ဘဲ တခြားကောင်လေးဆိုဖြေသာသေးတယ်"

"နေပါဦး တစ်အိမ်လုံးဘာလို့ Chen Chen ကိုကွက် ဖယ်နေကြတာလဲ"

"ဖယ်တာမဟုတ်ဘူး အခြားသူတွေအမြင်မှာ မင်းတို့ကညီအကိုတွေလေ Wei Chen ကဒီလောက်လိမ္မာတာကိုငါကဘာလို့ဖယ်ရမှာလဲ မင်းမရှိရင်ငါဒါတွေကို Wei Chen ဆီလွဲပေးမိမှာ"

Cigarettes : Wanna Kiss Your Sweet LipsWhere stories live. Discover now