5

1.4K 130 4
                                    

ဟန်ဘင်းရဲ့အိမ်တွင်ဖြစ်သည်

"အကို"

"ဘာလာလုပ်တာလဲ"

"အမေနဲ့စကားများထားလို့ အိမ်ပေါ်ကဆင်းလာတာ"

ဆော့ဝူဟျွန်းတို့ဒီနှစ်ထဲအိမ်ပေါ်တက်လိုက်ဆင်းလိုက်လုပ်တာခုဆိုသုံးခါမြောက်

"အဲ့တော့ အကိုကအိမ်ပေါ်ခေါ်တင်ထားရမှာပေါ့ဟုတ်လား"

"အဒေါ့်အိမ်ပါအကိုရဲ့"

"ဒီကောင်လေး!"

"အကိုဟန်ဘင်း"

"ဟမ် ဘာလို့လေသံကရုတ်တရက်လေးနက်သွားတာလဲ"

"အကိုဟာအိုကိုဘယ်လိုမြင်လဲ"

"လူပြောင်းမယ်လို့တော့မပြောနဲ့နော် ဆော့မက်ချူး"

"ဟာဗျာ ပေါက်ပေါက်ရှာရှာ ဆော့မက်ချူးနှလုံးသားထဲမှာကိုကြီးဂျီအွန်းဘဲရှိတာပါနော်"

"ဟုတ်ပါပြီ ဒါဆိုကျန်းဟာအိုအကြောင်းဘာလို့ရုတ်တရက်ကြီးထမေးတာလဲ"

"အကိုဟာအိုကချောတယ်မလား သူ့ကိုကြိုက်တဲ့ကောင်မလေးတွေလည်းအများကြီးကွာ ဒါမဲ့အတန်းထဲဆိုနည်းနည်းတော့ချေတယ်"

"အဲ့တာငါနဲ့ဘာဆိုင်လို့လဲ"

"ဆိုင်လို့ပြောနေတာပေါ့ အကိုနဲ့တွေ့ရင်သူ့မျက်လုံးထဲမှာကြယ်တွေရှိသလိုမျိုးတောက်ပနေတယ် အကို့ကိုစကားပြောရင် နွေးနွေးထွေးထွေးလေး အကို့ကိုလည်းမသိမသာလေးဂရုစိုက်တတ်တယ် ကျောင်းရောက်ရင်လည်းအကိုလာလားဆိုပြီးကျွန်တော့်ကိုမေးတယ်"

ဟိဟိ အကိုဟာအိုဘက်ကဘာမှမပြောပေမဲ့ ဝူဟျွန်းက assignments တွေလုပ်ကူတဲ့လူနဲ့ဘဲယောက်ဖတော်ချင်လို့ပါနော် စာတော်တဲ့ခဲအိုရှိတာနည်းတဲ့အကျိုးလား

"စီးပွားရေးမေဂျာကလူတွေကစာမလုပ်ရဘူးလား မင်းကိုကြည့်ရင်ဘာမှမလုပ်ရသလိုဘဲ"

"စကာလမ်းကြောင်းမလွဲနဲ့လေ ဘယ်လိုမြင်လဲပြော"

"ငါစာလုပ်ရမှာမို့ အခန်းထဲကထွက်သွား"

"အကို နားရွက်ဖျားတွေရဲနေပြီ"

"ဆော့ဝူဟျွန်း!"

Cigarettes : Wanna Kiss Your Sweet LipsWhere stories live. Discover now