3

1.5K 167 1
                                    

ယနေ့သည် တနင်္လာနေ့ဖြစ်တာကြောင့် ကျန်းဟုန်ယိ ရုံးကိုအစောကြီးသွားရသည်

ခုနစ်နာရီအချိန်လောက်တွင် ကျန်းယွီရှင်းမှ

"မေမေ ဟန်ယူဂျင်းကသမီးဖိနပ်ကိုမထုတ်ပေးထားဘူး"

"Han Wei Chen နင့်အလုပ်နင်မလုပ်ဘူးလား ကြည့်ရတာရိုက်ခံချင်ပြန်ပြီထင်တယ်"

"Han Wei Chen!နင်ထွက်လာခဲ့!"
ယူဂျင်းထွက်လာခဲ့ပေမဲ့ သူ့အခန်းထဲကနေမဟုတ် ကျန်းဟောင့်အခန်းထဲမှထွက်လာခဲ့သည် နောက်တွင်ကျန်းဟောင့်ကကပ်ပါလာလျက်

"အော် နင်ခုအားကိုးရှိပြီဆိုတော့ငါ့ကိုလွန်ဆန်နေပြီပေါ့လေ"

ကျန်းဟောင့်ကပတ်ဟာယွန်းစကားကိုဂရုမစိုက်ဘဲ

"Chen Chen လွယ်အိပ်ထဲပစ္စည်းတွေစုံမစုံစစ်ပြီးရင် ကျောင်းသွားမယ် အကိုတက္ကသိုလ်မှာ form သွားဖြည့်ပြီးရင်ကျောင်းဆင်းချိန်အကိုလာကြိုမယ် တခြားအိမ်မှုကိစ္စတွေလုပ်စရာမလိုဘူး ဘာလို့ဆို Chen Chen ကသခင်လေးတစ်ယောက် သခင်လေးပီသအောင်နေ စျေးထဲကငါးစိမ်းသည်စကားတွေကိုနားမထောင်နဲ့ကြားလား"

"ဟုတ်!"

"ကျန်းဟောင့်! နင်အခုလိုငါ့ကိုပြောနေတာသာနင့်အဖေသိရင်နင်မလွယ်ဘူးနော်"

"ငါးဘဲရောင်းနေတဲ့ငါးစိမ်းသည်ရဲ့ပါးစပ်ကသူရောင်းတဲ့ငါးလိုဘဲညှီနံ့တွေမွန်လို့"

ကျန်းဟောင့်!နင်!"

"ဖေဖေ့ကိုတိုင်ပြောလိုက်ပါကျွန်တော်ခင်ဗျားကိုဒီလိုတွေပြောပါတယ်လို့ သိချင်လိုက်တာဖေဖေကကျွန်တော့်ကိုဘယ်လိုဆူမလဲလို့"
"Chen Chen လာသွားရအောင်"

"ကိုကြီး ပါပါးကယွီရှင်းကိုပါခေါ်သွားရမယ်တဲ့"

"ဆောရီး ငါ့ကားကငါနဲ့ ChenChen နဲ့တင်ပြည့်သွားလို့ ကိုယ့်ဘာသာကိုယ်သွားလိုက်"

"ကိုကြီး!"

"ကျစ်! လေသံကိုကသားအမိနှစ်ယောက်လုံးတစ်လေသံတည်း Chen Chen ကိုနောက်အနိုင်ကျင့်ဖို့မကြံနဲ့ ဒါငါသတိပေးတာ မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့"

ထို့နောက်ယူဂျင်းနဲ့အတူအိမ်ထဲမှထွက်လာခဲ့သည်
ဟိုသားအမိကြောင့်မင်းသားလေးကျောင်းနောက်ကျတော့မှာလေ

Cigarettes : Wanna Kiss Your Sweet LipsWhere stories live. Discover now