Warning နည်းနည်းလေးပါ
ဒိFicပုံစံကကျ နည်းနည်းလေး Darkလိုလို
ဘက်ကိုသွားတော့လေ ကိုယ့်အတပကိုအဲ့လိုပုံစံမျိုးနဲ့ရေးတာကိုမကြိုက်ရင် အခုထဲက
နာဂါဂျူဆယ်ယို အတတ်နိုင်ဆုံးရိုးရိုရှင်းရှင်း
ရေးပေးထားတာမို့ ခကမတိုက်ဖို့တော့
မျှော်လင့် (ဆာဓု)³____________________________________
အေးစက်ခြောက်ခြားဖွယ်ရာကောင်းသော
လေထုကMatthewကိုမျက်လုံးမှိတ်သွားစေ
သည်။ ဒီလိုလူစုလူဝေးနဲ့တင်းမာတဲ့လေထု
ကိုသူသဘောမကျ။သူ့ရဲ့အေးချမ်းတိတ်ဆိတ်တဲ့အခန်းမှာ သူထိုင်ပြီးနားထောင်ခဲ့တဲ့ ဂီတသံစဉ်တွေကိုလွမ်းဆွတ်နေမိတယ်။ ဒါပေမယ့် မယုံနိုင်လောက်အောင်ကျယ်လောင်နေတဲ့ ဒီဂီတဟာသူ့ရဲ့ခံနိုင်ရည်တွေကို ကျော်လွန်လုနီးပါးပဲ။ဒီနေရာကထထွက်သွားချင်ပေမယ့် သူသွားလို့မရ၊ သူစုံစမ်းခဲ့ဖူးတဲ့ သတင်းအရ ထိုလူဆိုးကောင်သည် ဒီနေရာကို ခဏနေရောက်လာမှာကြောင့်ပင်။ထိုလူ့ကို အလုပ်ကိစ္စအတွက်ကုမ္ပဏီကို
သူ့အဖေနဲ့အတူလိုက်လာတုန်းက မတော်တဆ တွေ့ဆုံမှုဖြင့် တစ်ကြိမ်သာတွေ့ဖူးသည်၊အဲ့အချိန်က မက်သရူးကို ထိုလူက မှတ်မိသွားမှာစိုးရိမ်ပေမယ့် အခုချိန်မှာမက်သရူးရဲ့ပုံစံက အရင်နဲ့သိပ်မတူတော့တာမို့
ဘယ်သူမှတော့ရိပ်မိမှာမဟုတ်ပေ။Matthewက သူမျက်လုံးတွေကိုမှိတ်လိုက်ပြီး"ငါလုပ်နိုင်တယ်"
ပြောကာ သက်ပြင်းချလိုက်တယ်။၀င်ပေါက်မှကျယ်လောင်တဲ့အသံက မက်သရူးရဲ့အာရုံကိုဖမ်းစားလိုက်တယ်၊သူ့မျက်လုံးနဲ့ဟိုဟိုဒီဒီလိုက်ရှာကြည့်တော့ထိုလူကအဲ့မှာ၊
သူရောက်လာတာနဲ့ ခန္ဓာကိုယ်အကြီးကြီးတွေနဲ့ သန်မာတဲ့ ထိုလူရဲ့သက်တော်စောင့်တွေကပါ,ပါလာတာမို့လို့ Matthewက သူစီစဉ်ထားတဲ့အရာအတွက် စိတ်လှုပ်ရှားနေမိတယ်။"အားးး ငါတကယ် ရူးတော့မှာပဲ!!"
"အဲ့လူက လူတွေကိုနာကျင်အောင် နှိပ်စက်ရ
တာကို သဘောကျတဲ့လူဆိုးတစ်ယောက်မို့
သူ့ကိုသတ်ပစ်ချင်နေတဲ့ရန်သူတွေက ငါတစ်ယောက်တည်းမဟုတ်တာမို့ စိတ်လျှော့။"Matthewက လူတို့ရဲ့သဘာ၀အတိုင်း စူးစမ်းလိုစိတ်ဖြင့် ခြေဖျားထောက်ကာ ထိုလူရဲ့မျက်နှာကို သေချာမြင်ရအောင် ကြိုးစားရင်း၊
YOU ARE READING
//Sleep With The Devil//
FanfictionKim Jiwoong x Seok Matthew _MPreg_ This isn't my own work.I just translate. Fully credit to original author.