SWTD:

637 65 16
                                    

Warning အလစ်တဲလေး!

"သူ အဆင်သင့်ဖြစ်ပြီလို့ထင်လား" Jiwoongကညအိပ်၀တ် အနက်ရောင်ပိုးသားကို ၀တ်ထားပြီးအခန်းထဲကဆိုဖာပေါ်မှာထိုင်နေကာသူ့ရှေ့ စားပွဲပေါ်က ဝိုင်ကိုအေးဆေးယူသောက်လိုက်ရင်း အရှေ့မှာရပ်နေတဲ့ Jungheeကိုမေးလိုက်တယ်။

"အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်၊မင်းကို
လက်မြှောက်ဖို့မဟုတ်ဘဲ မင်းကိုသတ်ပစ်ဖို့
လေ၊သူ့မျက်လုံးထဲက အမုန်းတရားတွေကိုတွေ့လား"Jiwoongက Jungheeရဲ့အဖြေကို သဘောကျစွာ ပြုံးလိုက်တယ်။

"အင်း…သူ့မျက်လုံးတွေထဲ ငါတစ်ယောက်
တည်းအတွက်ရှိနေတဲ့ အမုန်းတရားတွေကို
တွေ့နေရတယ်"Jiwoong ဝိုင်ကိုနောက်
တစ်ခွက်သောက်လိုက်ပြီးမျက်လုံးကိုမှိတ်ချကာ"ဒါပေမယ့် ငါဒီည သူ့ကိုလိုချင်တာ"

"သိပါပြီ" Jungheeက တည်ငြိမ်စွာပြန်ဖြေပြီး"မင်း သူ့ကိုအတင်းအကြပ်လုပ်မှာလား?"

"ငါ ဘယ်ယောင်္ကျား ဘယ်မိန်းမကိုမှ အတင်း
အကြပ်ခိုင်းရတာကိုမကြိုက်ဘူးဆိုတာ မင်းသိသားနဲ့"

Jiwoong အရင်ထဲကသူ့အားအရှုံးပေးထား
သည့် ချောမောလှပတဲ့ ယောင်္ကျားလေး မိန်းကလေးတွေနဲ့သာ ပျော်ပါးလေ့ရှိသည်၊
Kim Jiwoongရဲ့ ပြီးပြည့်စုံမှုကို တွန်းလှန်နိုင်
တဲ့သူမရှိတာကြောင့် သူလိုချင်ရင် အတင်း
အကြပ်လုပ်စရာမလို၊နဖူးပေါ်ကိုကျနေတဲ့
အနက်ရောင်ဆံပင်၊အညိုဖျော့ဖျော့မျက်လုံးတွေ၊၊နတ်သားတစ်ပါးလိုပြီးပြည့်စုံသည်ဟုဆိုရလောက်သည့်မျက်နှာထားနဲ့…သူ့မျက်
လုံးတွေကနူးညံ့မှုမရှိ၊နှလုံးသားမဲ့ပြီးမုန်းတီးမှုတွေသာ ပြည့်နှက်နေသည်ကမြင်သူတိုင်းအတွက်ထိတ်လန့်စရာကောင်းသည်၊Jiwoongကနတ်သားတစ်ပါးရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေသည့် မာရ်နတ်နှင့်တူသည်။

"ငါသူ့ကို သူ့ဆန္ဒအလျှောက်လက်မြှောက်စေ
ချင်တယ်"

"ဟုတ်ကဲ့ သိပါပြီ"Jungheeက ဦးညွှတ်ကာ ပြောလိုက်သည်၊သူ့အတွက် Jiwoongရဲ့စကားတစ်ခွန်းဟာ အမိန့်တစ်ခုပါပဲ။

_____________________________

ဤဆေးကအလွန်အားကောင်းပြီး အပျော်သ
ဘောနဲ့တောင်သုံးရန်မသင့်ပါ၊Jungheeက
သူ့ရှေ့မှာရှိတဲ့ ဘူးထဲကအဖြူ‌ရောင်အမှုန့်လေးတွေကိုကြည့်လိုက်တယ်၊အလွန်သေးငယ်သော်လည်း တစ်ချိန်တည်းမှာ အလွန်ထိရောက်သည်၊ဒီအမှုန့်ထည့်ထားတဲ့ ဖျော်ရည်ကို ထိုကောင်လေးက သောက်ပြီး‌
နောက် Jiwoongကို လက်မြှောက်အရှုံးပေး
လိုက်ရပြီး သူ့သခင်ကိုကျေနပ်စေလိမ့်မည်။

//Sleep With The Devil//Where stories live. Discover now