SWTD:

532 73 12
                                    

Matthewရဲ့မျက်နှာကဖြူဖျော့သွားတယ်
ဒီလူ အစတည်းက သူ့သရုပ်မှန်ကိုသိနေခဲ့တာ
လား။

"ကားနောက်ဖုံးကိုငါဖွင့်တော့မယ်၊ဒါပေမယ့် မင်းထွက်ပြေးဖို့မကြိုးစားပဲ ငြိမ်နေဖို့တော့
ကတိပေးရမယ်" Jiwoongရဲ့အသံမှာ ပျော်ရွှင်မှုဆိုသည့်ခံစားချက် အနည်းငယ်ပါ၀င်နေသည်။

"မင်း အခုငါ့အိမ်မှာရှိနေတယ်ဆိုတာ သိထား
သင့်တယ်၊ငါ့ရဲ့သက်တော်စောင့်တွေက သိပ်
သဘောကောင်းတဲ့ လူတွေမဟုတ်ဘူး၊အဲ့တာ
ကြောင့် ‌အေး"ဆေး"နဲ့ ငြိမ်"လေးဆင်းလာဖို့
အကြံပေးချင်တယ်၊မင်းထပ်ပြီး ထွက်ပြေးဖို့
လုပ်ရင် မင်းရဲ့အသက်ကိုငါအာမ,မခံနိုင်ဘူး။

Matthew စိတ်ပျက်လက်ပျက်နဲ့ မျက်လုံးကို
မှိတ်ချလိုက်တယ်၊သူ စုဆောင်းခဲ့တဲ့အချက်
အလက်တွေအရ မြေကွက်ကျယ်ကြီးပေါ်မှာ
ရှိတဲ့ Jiwoongရဲ့အိမ်က အထက်တန်းစား
ရပ်ကွက်တစ်ခုမှာဖြစ်သည်၊အိမ်ကို မြင့်မားတဲ့ခြံစည်ရိုးနဲ့ ၀န်းရံထားပြီး ၀င်ပေါက်တိုင်းကိုလဲ Jiwoongရဲ့ သက်တော်စောင့်တွေက စောင့်ကြပ်နေကြတယ်၊Jiwoongမသိဘဲနဲ့ ဒီအိမ်ကိုဘယ်သူမှ၀င်လို့မရနိုင်ပါ၊ ထို့အတူပဲ Jiwoongရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီအိမ်က‌နေဘယ်သူမှထွက်သွားနိုင်မည်မဟုတ်ပေ။

"ဘယ်လိုလဲ Matthew…မင်း ငြိမ်"သက်"နေဖို့ကိုရွေးချယ်လိုက်မယ်ဆိုရင် ငါ့အိမ်ထဲမှာ
မင်းသက်တောင့်သက်သာနေရမယ်၊ဒါမှမဟုတ် ခုနကလို မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ကိုပဲထပ်ရွေးမယ်ဆိုရင်တော့ မင်းကိုကြိုးနဲ့ချည်၊ဂိုဒေါင်ထဲမှာ ထည့်ပြီး သော့ခတ်ထားမှာ"။

"မင်း ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ" Matthewက လေသံမာမာနဲ့မေးတော့

အပြင်က Jiwoongကတစ်ခစ်ခစ်ရယ်သည်၊
"Matthewကိုဘာလို့ခေါ်လာတယ်လို့ထင်လဲ၊ငါက လူမြင်ကွင်းမှာ အဆိပ်ခတ်သတ်ဖို့
လွယ်တဲ့သူလို့ မင်းထင်နေတာလား၊မင်း ငါ့ကိုကလဲ့စားချေဖို့ အခွင့်အရေးရှာနေတာကိုကောမသိဘူးလို့ထင်နေတာလား"

Jiwoongရဲ့အသံကနီးကပ်လာပြီး 

"မင်း မီးနဲ့ကစားခဲ့တာမလား"

"အခု မီးလောင်ဖို့ အချိန်ကျပြီ"

ကားတံခါးက ရုတ်တရက်ပွင့်လာပြီး ရုန်းကန်
ဖို့တောင်မပြင်နိုင် မောက်မာရိုင်းစိုင်းတဲ့Jiwoongရဲ့နောက်က ကြီးမားပြီးသန်မာတဲ့ ခန္ဓာကိုယ်နဲ့သက်တော်စောင့်တွေကိုကြည့်ရင်း သူတို့သခင်ကို ထိခိုက်အောင်လုပ်မယ့်သူတွေကို သတ်ပစ်ဖို့တွန့်ဆုတ်နေမှာမဟုတ်ဘူး ဆိုတာကို Matthewသိသည်၊Jiwoongက ခြေ‌ထောက်ကိုနောက်တစ်လှမ်းဆုတ်ပြီး ခါးကိုအနည်းငယ်ကိုင်းကာ လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်တယ်။

//Sleep With The Devil//Where stories live. Discover now