SWTD: (Warning!)

919 63 17
                                    


Jiwoongဒေါသတကြီးရေချိုးခန်းထဲကထွက်လာတယ်၊သူ့ဆံပင်တွေကရေတွေစိုထားပြီး
သူ့ရဲ့အ၀တ်စိုတွေကို ကြမ်းပြင်မှာအပုံသားချ
ထားတယ်၊အခန်းထောင့်က လူတစ်ယောက်ဆီသူ့ခေါင်းကိုလှည့်လိုက်တော့ Jiwoong
ကြောင့် မျက်နှာတပြင်လုံး ဒဏ်ရာများစွာရထားတဲ့ Jungheeက သူ့မျက်နှာကဒဏ်ရာတွေကို‌။ဆေးအနည်းငယ်ထည့်ထားကာ ရပ်နေသည်။

"သူ ဘယ်လိုနေလဲ?"Jiwoongက အေးစက်စက်။

"ဆရာ၀န်တွေက ကုပေးနေတယ် သူ့အဆုတ်
ထဲမှာရေတွေအများကြီး၀င်နေတာ၊Jiwoong
မင်းကော အဆင်ပြေရဲ့လား သူ့ကိုကယ်ဖို့ အတွက်နဲ့ မင်းကိုယ်တိုင်ဒုတိယအထပ်ကနေ
ခုန်ဆင်းခဲ့တာမလား"

Jiwoongက စိမ်းသက်"မျက်လုံးတွေနဲ့ Jungheeကိုတစ်ချက်ကြည့်လိုက်ပြီး စိုစွတ်နေတဲ့သူ့ဆံပင်တွေကိုသုတ်ဖို့ မျက်နှာသုတ်
ပဝါကိုလှမ်းယူလိုက်တယ်။

"ငါ သူ့ကိုသတ်ချင်တာ"

"ဒါဆို မင်းသူ့ကိုဘာလို့ကယ်ခဲ့တာလဲ"

JiwoongကJungheeကိုစိမ်းသက်စွာထပ်ကြည့်လိုက်ပြီး

"ငါ့ဆုံးဖြတ်ချက်အရ ဒီနေ့ကသူသေရမယ့်နေ့မဟုတ်သေးဘူး"

Jiwoongရဲ့အညိုရောင်မျက်စံတွေကကျဉ်း
မြောင်းသွားပြီး

"မင်း သူ့ကိုဘာလို့လွှတ်ပေးလိုက်တာလဲ?"

Jungheeက လန့်သွားပြီး
"သူငါ့ကိုလှည့်စားပြီး လွတ်သွားခဲ့တာ"

"ငါက ရူးနေတယ်လို့ထင်နေတာလား!"
Jiwoongရဲ့အသံက မြှင့်တက်သွားပြီး "မင်းကငါ့ရဲ့အတွေ့အကြုံအရှိဆုံးကိုယ်ရံတော် သူ့ကိုမင်းသာလှည့်စားခွင့်မပေးခဲ့ဘူးဆိုရင် သူကမင်းလိုလူမျိုးကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား?"

Jungheeက အရဲ့စွန့်ပြီး
"ငါသူ့ကိုလွတ်စေချင်တယ် သူသာဒီမှာဆက်‌
နေ,နေရင်တစ်ချိန်ကျ ငါတို့‌ကိုဒုက္ခပေးလာမှာ!"

ကြားတော့ Jiwoongက ဒေါသတကြီးနဲ့
သူ့လက်ထဲကမျက်နှာသုတ်ပဝါကို ဆိုဖာပေါ်
ပစ်ချကာ

"ဒီနှစ်ရက်အတွင်း မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်
ချက်တွေကိုနှစ်ခါတိ"ချပြီး ငါ့စကားတွေကို
လျစ်လျူရှုထားခဲ့တာ ငါပြောတာကိုသေချာ
နားထောင်" Jiwoongရဲ့အသံကနက်နဲပြီးချိန်းခြောက်နေသလို

You've reached the end of published parts.

⏰ Last updated: Sep 29, 2023 ⏰

Add this story to your Library to get notified about new parts!

//Sleep With The Devil//Where stories live. Discover now