ကလပ်အတွင်းရှိဆူညံသံတွေကမယုံနိုင်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတယ်၊လူတွေအကုန်လုံးက သူတို့လုပ်နေတဲ့ကိစ္စတွေကိုရပ်လိုက်ပြီး VIPဆိုဖာပေါ်မှာထိုင်နေတဲ့ Jiwoongကိုတစ်လှည့် ဒေါသထွက်နေသေးသည့် Matthewကိုတစ်လှည့် ထိတ်လန့်တကြားကြည့်နေကြသည်က ကလပ်အတွင်းဖွင့်ထားသည့် သီချင်းတောင်ရပ်သွားသည်အထိ။
တစ်မိနစ်အကြာမှာ ကြမ်းတမ်းတဲ့လက်တစ်စုံ
က Matthewကိုချုပ်ကိုင်လိုက်တဲ့အခါမှာ
ထိုလူရဲ့အားကြောင့်မက်သရူးနာသွားတာမို့
အသံပါထွက်မိသွားသည်။"မင်း! မင်းဘယ်လိုတောင် မစ္စတာJiwoong
ကိုသတ္တိရှိရှိရိုက်ရဲတာလဲ"နက်နဲကြမ်းတမ်းတဲ့
အသံနဲ့မေးလိုက်သည်။Matthewက ခေါင်းကိုပြန်မော့ပြီးလည်ကြည့်တော့ သူ့ကိုချုပ်ထားတာ Kim Jiwoongရဲ့သက်တော်စောင့်တွေထဲကတစ်ယောက်ဖြစ်နေသည်၊ထိုလူရဲ့ကြီးမားပြီး သန်မာတဲ့လက်တစ်စုံက သူ့လက်များကို နာကျင်ပြီးထုံစေတဲ့အထိချုပ်ကိုင်ထားသည်၊Matthewကလဲ လက်မလျှော့ မရ,ရအောင်ရုန်းသည်၊သူ့အသက်ရှုသံကမောဟိုက်နေပုံပေါက်ပြီး သူ့မျက်နှာကဒေါသနဲ့ခုနကရှက်စရာအဖြစ်အပျက်ကြောင့်နီရဲနေသည်မှာ
အခုချက်ချင်း ပေါက်ကွဲသွားတော့မယ့် ဗုံးတစ်လုံးလိုဖြစ်နေသည်။"သူ့ကို လွှတ်ပေးလိုက်" တိတ်ဆိတ်နေတဲ့
ကလပ်အတွင်း Jiwoongရဲ့စကားသံကြောင့်
လူတွေက နာမည်ဆိုးနဲ့ကျော်ကြားပြီး ရက်စက်ကြမ်းကြုတ်တဲ့ Kim Jiwoongလိုလူက သူ့ကိုလူတွေရှေ့မှာ ထိုးရဲတဲ့ကောင်လေးကိုဘာလုပ်မလဲဆိုတာကို အာရုံစိုက်နေကြတယ်။ချက်ချင်းဆိုသလိုပဲ Jiwoongရဲ့သက်တော်
စောင့်က Matthewကိုလွှတ်ပေးလိုက်တာမို့ ခုနကအချုပ်ခံခဲ့ရတဲ့ဒဏ်ကြောင့် မြေကြီးပေါ်တောင် လဲကျမလိုဖြစ်သွားခဲ့တယ်၊လူတွေအများကြီး အာရုံစိုက်နေကြတဲ့အကြည့်တွေအောက်မှာ တစ်ယောက်နဲ့တစ်ယောက်
မျက်နှာချင်းဆိုင်ရပ်မိနေကြသည်၊
Jiwoongက ခုနကMatthewထိုးခဲ့တဲ့သူ့ပါးကိုပွတ်သပ်ရင်း အေးစက်တဲ့မျက်နှာထားနဲ့ရပ်နေခဲ့တယ်။"မင်း...ဘယ်လောက်လဲ" Jiwoongအသံက ငြိမ်သက်အေးစက်နေသည်။
Matthewက လန့်သွားပြီး
"ဈေး? ဒီကောင်ဘာတွေပြောနေတာလဲ!"
သူ့မျက်လုံးတွေက စားပွဲပေါ်က Jiwoongရဲ့
အရက်ခွက်ကို တစ်ချက်ကြည့်လိုက်တယ်၊
အရာအားလုံးကရှုပ်ထွေးနေသလိုပဲ၊သူငိုချင်
လာသည်။
YOU ARE READING
//Sleep With The Devil//
FanfictionKim Jiwoong x Seok Matthew _MPreg_ This isn't my own work.I just translate. Fully credit to original author.