- Quatre -

495 66 9
                                    

Unicode

'မရောက်တာကြာတာတောင် ဘာမှပြောင်းလဲမသွားဘူးပဲ'

ဂယူနဲ့ယူဂျင်း အမှုစုံစမ်းရန်အတွက် နောက်ဆုံးသေဆုံးသူဖြစ်တဲ့ ဂျူယွန်းဂျယ် တက်ခဲ့တဲ့ကျောင်းလည်းတစ်ဖြစ် သူအထက်တန်းတက်ခဲ့တဲ့ကျောင်းလည်းတစ်ဖြစ်တဲ့ Namhan အထက်တန်းကျောင်းကိုပြန်ရောက်လာခဲ့သည်

ကျောင်းထဲဝင်လိိုက်သည်နှင့် အရင်တုန်းက ဂယူရဲ့အထက်တန်းကျောင်းသားဘဝပုံရိပ်တွေက သူ့မျက်လုံးထဲကိုအရီအစီ ဝင်ရောက်လာသည်

ကျောင်းတုန်းကဆို အထက်တန်းနှစ်တစ်နှစ်လုံးကျောင်းပျက်ရက်မရှိတဲ့အပြင် ကျောင်းစာပါတော်တော့ ဂယူက စံပြကျောင်းသာဖြစ်ခဲ့သေးတယ် ဒါပေမယ့်တစ်ခါတလေမဟုတ်ရင်မခံတဲ့ဂယူရဲ့ ပုံစံကြောင့် တချို့ဆရာတွေရဲ့မျက်လုံးထဲမှာ မျက်စိဆံပင်မွှေးဆူးခဲ့တာကိုပါ တစ်ပါတည်းအမှတ်ရလိုက်သည်

ဘောလုံးထက် ဘစ်စကတ်ဘောကိုပိုစိတ်ဝင်စားတဲ့ဂယူက ကျောင်းအားကစားပွဲအတွက် ဘတ်စကပ်ဘောအသင်းဝင်ရင်း ရစ်ကီနဲ့ဆုံခဲ့တာ
ပထမဆုံးတွေ့တုန်းက ရစ်ကီကိုဆိုကြည့်မရဖြစ်ပေမယ့် အခုနောက်ပိုင်းကျတော့ အပြောကမကောင်းပေမယ့် ရုပ်ကလည်းကျနော်လောက်မချောတဲ့သူဆိုတာတဖြည်းဖြည်းသိလာရသည်

'ဘာတွေရီနေတာလဲ ဟျောင်း'

ဘေးကနေ ကုပ်ကုပ်လေးလိုက်လာတဲ့ ယူဂျင်းက အဓိကကျောင်းဆောင်ရဲ့အပေါက်ဝကိုဖြတ်ဝင်လိုက်တော့မှ ကျနော်ဘက်ကိုမျက်မှောင်လေးကြုတ်ကာ အမေးစကားဆိုလာသည်

'ရစ်ကီလေ စတွေ့တုန်းကဆို သူနဲ့ကိုယ်နဲ့က လုံးဝမတည့်ဘူး'

'ဟမ် ဟုတ်လား'

ခပ်ပြုံးပြုံးလေးရီလျှက်ပြောလာတဲ့ ဂယူစကားနောက် ယူဂျင်းနှုတ်ခမ်းလေးဟကာ အနည်းငယ်အံ့ဩသွားရသည်

'ယူဂျင်းက ကိုယ်တို့ကို ငယ်ငယ်လေးကတည်းက လည်ပင်းဖက်ပေါင်းလာပြီး တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးတတ်တဲ့အချစ်ဆုံးသူငယ်ချင်းတွေလို့ထင်နေတာလား'

'အဲ့လိုတော့မထင်ပါဘူး ကိုကိုပုံစံကပထမဆုံးစတွေ့တဲ့အချိန်မှာတောင်အဲ့လိုမျိုးနားလည်ပေးတတ်တဲ့ပုံစံလုံးဝဟုတ်မနေဘူး'

SCAMMER Where stories live. Discover now