Unicode
ဒိုဂမ် စိတ်ကျန်းမာရေးဆေးရုံကြီး
ဆေးရုံဝန်းထဲကိုဝင်လိုက်သည်နှင့် ဂယူစိတ်ထဲမသိုးမသန့်ကြီးခံစားလိုက်ရသည်
တစ်ယောက်တည်းထိုင်စကားပြောနေတဲ့ လူနာတွေရှိသလို အလွန်အကျွံအော်ဟစ်နေတဲ့လူနာတွေလည်းရှိတယ်
လုံးဝလူကောင်းလို့ထင်မှတ်ရလောက်အောင်ထိ တည်တည်ငြိမ်ငြိမ်နဲ့သွားလာနေတဲ့လူနာတွေလည်းရှိတယ် ကိုယ်မှာဆေးရုံဝတ်စုံသာဝတ်မထားရင် တကယ်ကိုလူကောင်းလို့ထင်မိတော့မှာဆေးရုံရဲ့ပင်မအဆောက်အဦးထဲကိုရောက်တော့ ဆရာဝန်တွေနဲ့ လုံခြုံရေးတွေကပြေးပြေးလွှားလွှားအလုပ်ရှုပ်နေကြသည်
ဂယူရယ်ယူဂျင်းရယ်က လှေကားအဆင်းနားလေးမှာရှိတဲ့ ဝန်ထမ်းမလေးနှစ်ယောက်ထိုင်နေတဲ့ကောင်တာဆီသို့ လျှောက်သွားလိုက်ကာ
'တစိတ်လောက်ဗျ ဒီဆေးရုံမှာ ယူဂျောင်းဆိုတဲ့အမျိုးသမီးရှိလား'
'ဘာကိစရှိလို့လဲရှင့် ဆေးရုံမှာလူနာတွေရဲ့ pravicyကိုအလွယ်တကူထုတ်ပြောခွင့်မရှိပါဘူး'
'ကျနော်တို့ကရဲတွေပါ တမြန်မနေ့ညက လူတစ်ယောက်အသတ်ခံရတဲ့အမှုမှာ ယူဂျောင်းဆိုတဲ့အမျိုးသမီးကိုနည်းနည်းမေးစရာလေးရှိလို့ပါ ပူပေါင်းပေးမယ်လို့မျှော်လင့်ပါတယ်'
ဘောင်းဘီအိတ်ကပ်ထဲမှာထည့်ထားတဲ့ ရဲဝန်ထမ်းကဒ်ကိုထုတ်ပြလိုက်တော့မှ ကောင်တာမှာထိုင်နေတဲ့ဆေးရုံဝန်ထမ်းမလေးနှစ်ယောက်က လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ဖိုင်တွဲတွေကိုယူပြီး လှန်လှန်လှောလှောရှာပေးနေသည်
'ယူဂျောင်းလို့ပြောလိုက်တယ်နော် မျိုးရိုးနာမည်သိလားရှင့်'
'ဗျာ မျိုးရိုးနာမည်ကိုတော့မသိဘူး'
'ဒါဆိုအသက်ကောသိလားရှင့် ဘယ်အရွယ်လောက်လဲ'
'အသက်က ၂၇ ၂၈ နှစ်အရွယ်လောက်ဖြစ်မယ်ထင်တယ်'
ယူဂျင်းကကြားဖြတ်ကာဝင်ပြောလိုက်တဲ့စကားကြောင့် ဝန်ထမ်းမလေးနှစ်ယောက်ကခေါင်းငြိမ့်ပြကာ

YOU ARE READING
SCAMMER
Fanfiction'ရုတ်တရက် ခင်ဗျားကိုသတိရလာရင် ဘယ်လိုလုပ်မလဲ' 'လွမ်းလွန်းလို့ပြေးတွေ့ချင်လာရင်ကော' 'အဲ့အချိန်ကျ ကျနော်သေလိုက်မှာ'