- Trois -

492 65 7
                                    

Unicode

'မဂ်လာပါ အစောကြီးရောက်နေတာပဲကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား ထယ်ရယ်ဟျောင်း'

'အော် ယူဂျင်းတို့ရောက်ပြီလား ဒီနေ့မနက်ဘာလို့လဲမသိ ပုံမှန်ထက်ပိုစောနိုးနေတာနဲ့ အိမ်မှာလည်းမနေချင်လို့ ရုံးကိုပဲစောလာလိုက်တာ မနက်စာကောစားပြီးခဲ့ကြပြီလား'

'ဟုတ်ကဲ့ ကျနော်တို့နှစ်ယောက်လမ်းမှာစားခဲ့ပါပြီ ဟျောင်းကော'

'ဟျောင်းကအခုထိမစားရသေးဘူး ရစ်ကီက သူလာရင်အတူသွားစားမယ်ချိန်းထားလို့ ဟျောင်းစောင့်နေတာ'

မနေ့ညကလည်းသူ့ကားမပါခဲ့တာကြောင့် taxi ငှါးပြီးပြန်မယ်လုပ်ပေမယ့် မိုးတောင်မလင်းသေးတဲ့ အချိန်တွင် လမ်းမပေါ်ဘယ်taxi မှရှာလို့မရ
ရုံးရှေ့တွင် လမ်းလျှောက်ပြီးပဲပြန်ရတော့မလိုလို တစ်ယောက်ယောက်ပဲအကူအညီတောင်းရတော့မလိုတစ်ယောက်တည်း ယောင်တောင်တောင်ဖြစ်နေတဲ့အချိန် ကားပါကင်ကနေ ထွက်လာတဲ့ကားလေးတစ်စီးက သူ့ရှေ့ကိုစိုက်စိုက်မြိုက်မြိုက်ထိုးရပ်လာတယ်

ကားမှန်က်ိုချလိုက်တော့ ကားမှန်နောက်ကနေမြင်လိုက်ရတဲ့မျက်နှာကြောင့် ပြူးကြောင်ကြောင်လေးဖြစ်သွားရသည်

ရစ်ကီ ဒီကောင်လေးကိုသူပြန်သွားပြီထင်နေတာ

သူ့ကားနဲ့လိုက်ပို့ပေးမယ်ပြောတာနဲ့ ဘယ်လိုမှမတန်နိုင်တဲ့အဆုံးအားနာနာနဲ့လက်ခံလိုက်ရသည်

မဟုတ်ရင် ရုံးရှေ့တွင်ညလုံးပေါက်ပြီးနေရတော့မည်လေ

အိမ်ကိုလည်းလင်းခံနီးမှပြန်ရောက်ပေမယ့် အမှုထဲပဲစိတ်ရောက်နေတာကြောင့် သေချာအိပ်မပျော်ခဲ့
မနေ့ညက 'ဟျောင်းကိုကြည့်ရတာကျနော်ကိုနေရခက်နေတယ်ထင်တယ်' ဆိုတဲ့စကားကြောင့် သူမှာရစ်ကီကိုအားနာခဲ့ရသေးသည်

သိပ်မရင်းနှီးသေးတာကြောင့် ဘာကိုစပြောရမှန်းမသိဖြစ်နေမိတာအမှန်

'ဟျောင်းဒီလိုလိုက်ပို့တာကိုတစ်မျိုးဖြစ်နေရင် ကျနော့်ကိုtaxiခပေးလေ ဒါပေမယ့် ပိုက်ဆံမဟုတ်ပေမယ့် မနက်ဖြန်မနက်စာလိုက်ကျွေး ဘယ်လိုလဲ'

SCAMMER Where stories live. Discover now