Unicode
'ရှန်ရစ်ကီရှီး မတွေ့ရတာတောင်ကြာပြီနော်'
ညဘက်တစ်ရေးနိုးရင်ဗိုက်ဆာတတ်တဲ့အကျင့်ရှိတာကြောင့် ရစ်ကီ အလုပ်ကပြန်လာပြီးမှ သူတို့ရဲ့လမ်းထိပ် 24hours ဆိုင်ကိုအပြေးနှင်ရပြန်တယ်
Store ဆိုင်ထဲတွင် စျေးခြင်းလှည်းကိုတွန်းကာ သူစားချင်တဲ့မုန့်တွေကိုဟိုဟိုဒီဒီပတ်ကြည့်ရင်း အလုပ်ရှုပ်နေစဉ်မှာပဲ သူ့ရဲ့နောက်ကျောဘက်ကနေထွက်လာတဲ့ သူ့ရဲ့နာမည်နာမနားထဲသေသေချာချာကြားဖူးနေတဲ့ ခပ်ချိုချိုအသံလေးကြောင့် ရစ်ကီကိုယ့်နားကိုမယုံနိုင်စွာပင် နောက်ကိုလျှင်လျှင်မြန်မြန်လှည့်ကြည့်လိုက်တဲ့အခိုက်
သူ့ကို မျက်လုံးလေးတွေမှိတ်ကျသွားအောင််ထိပြုံးကာကြည့်နေတဲ့သူ
ကနေသာဒါလေး ဆော့မတ်သရူး
တနည်းအားဖြင့် သူ့ရဲ့'မတ်သရူး ဘယ်လိုလုပ်ပြီးတော့'
'ဘယ်လိုလဲ အရမ်း surpris ဖြစ်သွားလား'
ရစ်ကီမှာ မတ်သရူးအမေးကိုနှုတ်ကနေတောင်ပြန်မဖြေနိုင်ဘဲ ခေါင်းကိုသာခတ်ဆတ်ဆတ်ငြိမ့်ပြလိုက်သည်
'အပြင်မှာခနလောက်စကားပြောမလား'
'အင်း ခန ကိုယ်ဒါတွေရှင်းလိုက်အုံးမယ် အပြင်မှာစောင့်နေလိုက်'
'အင်း'
ရစ်ကီအပြောကြောင့် မတ်သရူးက ခေါင်းညိတ်ပြကာဆိုင်အပြင်ကိုထွက်သွားတော့ ရစ်ကီလည်း သူဝယ်ထားတဲ့မုန့်တွေကိုပိုက်ဆံအမြန်ရှင်းကာ ဆိုင်ပြင်ကိုအမြန်ထွက်လာလိုက်သည်
ဆိုင်ရဲ့ခပ်လှမ်းလှမ်း မှိုင်းညို့ညို့သစ်ပင်ကြီးအောက်ကထိုင်ခုံလေးမှာထိုင်ကာ ခြေထောက်တွေကိုလည်းအငြိမ်မနေဘဲ ရှေ့နောက်လှုပ်ရမ်းနေသေးတယ်
အချိန်တွေကြာတာတောင် ဒီအကျင့်ကမပျောက်သေးဘူးပဲ
'ရော့'
လက်ထဲမှာပါလာတဲ့ ဖောက်ပြီးသားဘီယာဘူးလေးကို ကမ်းပေးလိုက်တော့ ထိုင်နေရာကနေ မျက်လုံးလေးလှန်ကြည့်လာကာ ကျနော်ပေးတဲ့ဘီယာဘူးလေးကိုလှမ်းယူတယ်
YOU ARE READING
SCAMMER
Fanfiction'ရုတ်တရက် ခင်ဗျားကိုသတိရလာရင် ဘယ်လိုလုပ်မလဲ' 'လွမ်းလွန်းလို့ပြေးတွေ့ချင်လာရင်ကော' 'အဲ့အချိန်ကျ ကျနော်သေလိုက်မှာ'