My Little Prince Mermaid (P-2)

236 40 0
                                    

°°°°°My Little Prince Mermaid°°°°°

အရှေ့အပိုင်းများမှ....

"ယောန်တို့ကမ်းစပ်ကိုသွားမှရမယ်ထင်တယ် ဆူဘင်း ဘောမ်ဂယူကလိုက်လာတော့မှာ"

"ဟင် ယောန် ရေထဲပြန်ဆင်းတော့မို့လား"

"မဟုတ်ဘူး သူမလိုက်လာအောင် သွားပြောမှဖြစ်မှာ"

"ကမ်းစပ်မှာလူတွေရှိနေသေးလား ထယ်ဟျွန်း"

"နည်းနည်းဘဲရှိပါတော့တယ် အခုလောက်ဆိုရင်မရှိလောက်တော့ဘူး"

"မြန်မြန်သွားကြရအောင် ဆူဘင်း"

"ဟုတ်ပြီ ဟုတ်ပြီ"

°°°°°My Little Prince Mermaid°°°°°

ထယ်ဟျွန်းပြောသည့်အတိုင်းပင် ကမ်းစပ်ကိုရောက်တော့ လူတွေကမရှိတော့။
ယောန်ဂျွန်းထင်တာကလည်းမှန်သည်ဟုပြောလို့ရသည်။သဲပေါ်တွင်ထိုင်ကာ ရေထဲမှာအမြီးကိုစိမ်လျက်ရှိသော ဘောမ်ဂယူကိုတွေ့လိုက်ရသည်။

"အငယ်လေး"

"အကိုယောန်ဂျွန်း!"

ယောန်ဂျွန်းရဲ့ခေါ်သံအဆုံးတွင် ဘောမ်ဂယူ အံ့သြတကြီးလှည့်ကြည့်လာခဲ့သည်။

"အငယ်လေး ဘာလုပ်နေတာလည်း မြန်မြန်ထ တစ်ယောက်ယောက်တွေ့သွားရင်ဘယ်လိုလုပ်မလည်း"

"အကိုယောန်ဂျွန်း ရေထဲပြန်လိုက်ခဲ့"

"ဟင့်အင်း ငါဒီမှာဘဲနေချင်တယ် အငယ်လေး"

"အကို!မေ့နေတာလား ဒါကလူသားတွေနေတဲ့နေရာနော် ကျွန်တော်တို့နဲ့မသက်ဆိုင်ဘူး"

"မဟုတ်ဘူး အငယ်လေး အကိုတို့စကားအေးဆေးပြောရအောင်နော်"

"ဟုတ်ပြီ ရေထဲခဏပြန်လိုက်ခဲ့"

"ဟင် ဘာလုပ်မို့လည်း"

"စိတ်ချပြန်မခေါ်သွားဘူး စကားဘဲပြောကြမယ်"

"အင်းပါ ဆူဘင်း ယောန်ခဏလိုက်သွားဦးမယ်နော်"

"ယောန် ကိုယ့်ဆီပြန်လာခဲ့ပါ"

"ပြန်လာမှာမို့စိတ်မပူပါနဲ့ ဆူဘင်း"

သိတာသိပ်မကြာသေးပင်မဲ့လည်း အဘယ်ကြောင့်ရင်းနှီးသည်ဟု ခံစားနေရသနည်း။

My Little Prince Mermaid(Complete) Where stories live. Discover now