My Little Prince Mermaid (P-4)

218 34 0
                                    

°°°°°My Little Prince Mermaid°°°°°

အရှေ့ပိုင်းများမှ......

"မင်းကချစ်စရာကောင်းပြီး ငါသဘောကျတဲ့ယုန်လေးနဲ့လည်းတူတယ်လေ"

"ယုန်? ယောန်မြင်ဖူးတယ်လား"

"ဟင့်အင်း စာအုပ်ထဲမှာဖတ်ဖူးတာ"

"အော် ကိုယ့်အိမ်ပြန်ရောက်ရင်လိုက်ပြမယ်ကြည့်ချင်လား"

"တစ်ကယ်လား"

"တစ်ကယ်ပေါ့"

"အဟီး ချစ်တယ်နော် ဆူဘင်းနီး~"

°°°°°My Little Prince Mermaid°°°°°

"ယောန်ရေ သွားကြရအောင်"

"လာပါပြီ ဆူဘင်းကလည်း"

"စိတ်လှုပ်ရှားနေတာလား"

"အင်း"

စိတ်လှုပ်ရှားတယ်ဆိုတာဘာမှန်းမသိသော်လည်း ယောန်ဂျွန်း မှာခပ်တည်တည်သာဖြေချလိုက်တော့သည်။နောက်မှဘာလည်းဆိုတာ ဘောမ်ဂယူကိုမေးတော့မည်။

သူတို့ကုန်းပေါ်မှာအခုနဲ့ဆို2ပတ်ပြည့်သွားပြီဖြစ်သည်။2ပတ်အတွင်းမှာဘဲ သူနဲ့ဆူဘင်းကပိုရင်းနှီးလာခဲ့ပြီး ထယ်ဟျွန်းနဲ့ဘောမ်ဂယူကတော့သမီးရည်းစားတွေပင်ဖြစ်ကုန်ကြပြီ။

နောက်ထပ် တစ်ခုရှိသေးတာက သူ့ရဲ့မယ်တော်နဲ့ခမည်းတော်က နှစ်ယောက်လုံးငြိမ်နေတာပါဘဲ။ပုံမှန်ဆိုရင်သူတို့တွေပျောက်ပြီဆိုတာနဲ့ စိတ်ပူတတ်တဲ့မယ်တော်နဲ့ခမည်းတော်အကြောင်းကို သူတို့သာအသိဆုံးဖြစ်သည်။

"ယောန် ယောန်ရောက်ပြီ"

"အာ အင်းအင်း"

"ဒီမှာကြည့်ကြည့် ယောန်"

"ဒါက ယုန်လား!?"

"ဟုတ်တယ် ယောန်ရဲ့ ချစ်စရာလေးတွေနော်"

"အား! ခီရောဝေါ"

ယုန်လေးတွေဆီပြေးကာ ဆော့ကစားနေတဲ့ယောန့်ကိုကြည့်ရင်းဆူဘင်းကသဘောတကျပြုံးရယ်နေသည်။

"ဟမ် ဆူဘင်းHyung"

ယောန့်ကိုကြည့်နေရင်းဘေးကနေ ရင်းနှီးတဲ့အသံတစ်ခုကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်တော့ ထယ်ဟျွန်းဖြစ်နေသည်။

My Little Prince Mermaid(Complete) Where stories live. Discover now