My Little Prince Mermaid (P-1)

391 43 3
                                    

°°°°°My Little Prince Mermaid°°°°°

အရှေ့အပိုင်းများမှ....

"ဟေး လန့်သွားတာလား မျက်လုံးဖွင့်ပါဦး"

ကြားလိုက်ရတဲ့အသံကြည်ကြည်ကြောင့် မှိတ်ထားတဲ့မျက်လုံးတို့ကိုအသာဖွင့်ကြည့်လိုက်တော့ နေရောင်အောက်တွင် ပါးချိုင့်နက်တွေပေါ်သည်အထိပြုံးပြနေသောလူတစ်ယောက်..။

ထိုအရာက သူတို့နှစ်ယောက်ရဲ့ ပထမဦးဆုံးတွေ့ဆုံမှုဖြစ်ခဲ့သည်...။

°°°°°My Little Prince Mermaid°°°°°

အရှေ့ကနေ လူကိုပြူးကြောင်ကြောင်လေးငေးကြည်နေသောရေသူထီးလေးကို
ဆူဘင်းမှာ နားမလည်နိုင်။တစ်ကယ်ဆိုသူဒီရေသူထီးလေးကို ကုန်းပေါ်တက်လာကတည်းကမြင်လိုက်ရတာဖြစ်သည်။

ကမ်းခြေတွင် အပျင်းပြေလမ်းလျှောက်နေရင်း ရုတ်တရက်ရေထဲကနေတစ်ခုခုပေါ်လာသည်ကိုမြင်လိုက်ရသောကြောင့်ကြည့်လိုက်တော့ရေသူထီးတွေဖြစ်နေသည်။
တစ်ချို့တွေပြောကြတာကတော့ဒီကမ်းခြေတွင်ရေသူထီး/ရေသူမတွေကိုတစ်ခါတစ်ခါတွေ့ရတတ်သည်တဲ့လေ။

သူကတော့ထိုသို့အရာတွေကို မယုံကြည်ပါ။ဒါပေမဲ့လည်း အခုတော့ယုံရတော့မည်မဟုတ်လား။ရေသူထီးနှစ်ယောက်ထဲက တစ်ယောက်ကရေထဲကိုပြန်သွားသည်ကိုတွေ့လိုက်ရတော့ သူကြည့်နေစဥ်မှာပင် ကျန်ခဲ့တဲ့တစ်ယောက်က ရေထဲကအမြီးတွေကိုထုတ်လိုက်သည်ကိုတွေ့လိုက်ရသည်။

အမြီးလေးတွေမှာပန်းနုရောင်လေးနှင့်လှပလွန်းလှသည်။အမြီးကိုထုတ်လိုက်သည်နှင့် ခြေထောက်ဖွေးဖွေးလေးတွေမှာပေါ်လာခဲ့သည်။အံ့သြကြီးစွာငေးကြည့်နေစဥ်မှာဘဲ
နှာခေါင်းဆီမှတစ်ခုခုကိုခံစားလိုက်ရသောကြောင့် သူ့ရဲ့လက်တွေဟာနှာခေါင်းဆီမှာ။

"ဟ..ဟမ် နှာခေါင်း..နှာခေါင်းသွေးတွေ"

အဆက်မပြတ်လျှံကျလာသော နှာခေါင်းသွေးတွေကြောင့် ဆူဘင်းမှာပါလာသည့်လက်ကိုင်ပဝါနဲ့ပြာပြာသလဲသုတ်တော့သည်။သူကြည့်နေစဥ်မှာဘဲ ရေသူထီးလေးကထရပ်လိုက်သည်။

ရပ်လိုက်သည့်အချိန်မှာဘဲ ရေသူထီးလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အဝတ် ဝတ်ပြီးသားဖြစ်နေလေတော့သည်။ခဏလောက်နေတော့ မတ်တပ်ရပ်ကာလမ်းလျှောက်ကြည့်နေသည်။သူ့ရဲ့မျက်နှာပေါ်တွင် အပြုံးများဖြစ်ပေါ်သွားခဲ့သည်။

My Little Prince Mermaid(Complete) Where stories live. Discover now