°°°°°My Little Prince Mermaid°°°°°
အရှေ့ပိုင်းများမှ....."ယောန်!"
"ဆူဘင်း မြန်မြန် မြန်မြန်သွားမှရမယ် အငယ်လေးဒဏ်ရာရထားတယ်"
"ထယ်ဟျွန်း လူတွေရှိလားစစ်ကြည့်"
"မရှိတော့ဘူးHyung ခုနကမိုးရွာထားလို့ဘယ်သူမှမထွက်တော့ဘူး"
"ဒါဆိုသွားကြမယ်"
ထယ်ဟျွန်းသာ သူတို့ကိုကျောက်ဆောင်တစ်ခုနောက်က ကြည့်နေသောလူကိုတွေ့ခဲ့မည်ဆိုလျှင်.....
°°°°°My Little Prince Mermaid°°°°°
"အဆင်ပြေရဲ့လား"
နိုးနိုးလာချင်း မတွေ့ဖူးသောလူတစ်ယောက်ကြောင့် ဘောမ်ဂယူကြောင်သွားသည်။
သူမှတ်မိသလောက်ကတော့ သူသွားနေကျနေရာလေးမှာငိုနေတုန်းငါးမန်းတွေရောက်လာပြီး လာတိုက်ခိုက်တယ် ပြီးတော့ အကိုယောန်ဂျွန်းရဲ့ အငယ်လေးဆိုတဲ့ခေါ်သံကြားလိုက်ရပြီး ငါးမန်းအမြီးနဲ့ရိုက်ခံရပြီးသူသတိမေ့သွားတယ်။"စိတ်မပူပါနဲ့ ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး ကိုယ့်ကိုယောန်ဂျွန်းHyungက မင်းကိုကြည့်ထားပေးပါဆိုလို့"
"မင်းက ဘယ်သူလည်း"
"ဂန်ထယ်ဟျွန်း"
"ဘယ်လိုလုပ်ပြီးတော့ ငါကကုန်းပေါ်ရောက်လာရတာလည်း ပြီးတော့အကိုယောန်ဂျွန်းရော"
"ယောန်ဂျွန်းHyungကဟိုဘက်အခန်းမှာရှိတယ်"
"သူရော အဆင်ပြေလား"
"ပြေပါတယ်"
"ဟူးးး ဘယ်အချိန်လည်း"
"ည10နာရီ"
"ဟင် ဒါဆိုငါအိမ်ပြန်မှဖြစ်တော့မယ်"
"မပြန်နဲ့တော့ မနက်မှထပြန်"
"မဖြစ်ဘူး အခုချိန်မှမပြန်ရင်မယ်တော်တို့စိတ်ပူနေလိမ့်မယ်"
"အကိုယောန်ဂျွန်းကမနက်ဖြန်မနက်မှထပြန်လို့မှာထားတယ်"
"အခုပြန်မှာ"
ဘယ်လိုတောင်ခေါင်းကြောမာတဲ့ ရေသူထီးလေးလဲလို့ ထယ်ဟျွန်းတွေးလိုက်မိသည်။
YOU ARE READING
My Little Prince Mermaid(Complete)
Short StoryChoi Soobin X Choi Yeonjun ☽Unicode Only☾