My Little Prince Mermaid (End)

335 38 2
                                    

°°°°°My Little Prince Mermaid°°°°°

အရှေ့အပိုင်းများမှ......

"ကိုယ့်ကိုထားခဲ့ပြီလား ယောန်"

"ဘာလို့လည်း ဘာလို့ကိုယ်မင်းကိုချစ်မိခါမှ ကိုယ့်ကိုထားခဲ့ရတာလည်း"

မျက်ရည်တွေဟာဒလဟောစီးကျလာခဲ့သည်။လက်ထဲတွင်တော့ ယောန့်အတွက်ဝယ်လာတဲ့နှင်းဆီနီနီတွေကိုဖိဆုပ်ထားသောကြောင့် ဆူးတွေနဲ့လက်ဟာသွေးတွေစီးကျလာခဲ့သည်။

"ယောန် ပြန်လာပေးပါ ကိုယ်မင်းမရှိရင်နေနိုင်မယ်မထင်ဘူး အချစ်ရယ်"

°°°°°My Little Prince Mermaid°°°°°

ကျယ်ပြောလှသော ကောင်းကင်ပြာနဲ့အဆုံးမရှိသော ပင်လယ်ပြင်ကြီးကိုငေးကြည့်နေသောသူတစ်ယောက်။6ပေကျော်အရပ်နဲ့အတူ တောင့်တင်းလှသောခန္ဓာကိုယ်တို့ကြောင့် မိန်းကလေးအချို့ရဲ့စိတ်ဝင်စားမှုကိုခံနေရသည်။

"ယောန် ပြန်လာပါတော့လား 5နှစ်တောင်ကြာခဲ့ပြီလေအချစ်ရယ်"

"မင်းပြန်လာရင် သေချာပေါက် ချစ်တယ်ဆိုတဲ့စကားကိုထုတ်ပြောတော့မှာမို့ပြန်လာပါတော့လား"

"ကိုယ်လေ မင်းကိုတစ်ကယ်ချစ်မိနေပြီထင်ပါရဲ့ 5နှစ်အတွင်းမှာကိုယ်ဘယ်သူ့ကိုမှချစ်လို့မရခဲ့ဘူး"

"ယောန်သိရဲ့လား ကိုယ်ယောန့်ကိုစောင့်နေတဲ့5နှစ်က အနှစ်50လောက်ကြာနေသလိုဘဲ"

"ကိုယ်ဘယ်လောက်ကြာကြာစောင့်မှာမို့ပြန်လာပေး"

စကားအချို့ကိုဆိုကာ အရှေ့ကပင်လယ်ပြင်ကိုငေးကြည့်နေမိသည်။ပင်လယ်ပြင်ကလှလိုက်တာ ယောန့်ကိုတော့ဘယ်မှီပါ့မလည်း။

"ဆူဘင်းHyung ပြန်ကြရအောင်"

ဘေးနားကိုရောက်လာတဲ့ ထယ်ဟျွန်းဆီမှာ ဆေးလိပ်နံ့ရလိုက်သည်။

"မင်းဆေးလိပ်သောက်တာလျှော့သင့်တယ် ထယ်ဟျွန်း"

"........"

"ဒီလိုဘဲဆက်သွားနေမယ်ဆိုရင် မင်းရောဂါရသွားလိမ့်မယ်"

"ပြန်ကြရအောင်"

ထယ်ဟျွန်းရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်တော့ တစ်ခုခုကိုလွမ်းနေသည့်ပုံ။သေချာသည် သူလည်းဘဲဘောမ်ဂယူကိုလွမ်းနေမှာဘဲလေ။

My Little Prince Mermaid(Complete) Where stories live. Discover now