အပိုင်း(အပိုင်း၁.၁) Unicode

1.4K 74 1
                                    


အပိုင်း (၁.၁)
အေးမြတဲ့ဆောင်းရာသီမှာ လုလင် တောင်တန်းဟာ ရေခဲတွေနှင်းတွေနဲ့ ဖုံးလွှမ်းနေတယ်။ အပေါ်ကိုမော့ကြည့်လိုက်မယ်ဆိုရင် ကောင်းကင်ထက် ပိုပြီးကြီးမားကျယ်ပြန့်တဲ့အဖြူရောင် တိမ်ဆိုင်တွေကို တွေ့ရလိမ့်မယ်။ အဲ့ဒါကကောင်းကင်တစ်ခုလုံးနဲ့ ပေါင်းစပ်​နေသယောင်ထင်ရတယ်။ ​
တောင်ခြေမှာလယ်သမားတွေက ဟိုတစ်စုသည်တစ်စုနဲ့ ကွက်တိကွက်ကျားရှိနေကြတယ်။ နေမဝင်ခင် အိမ်တိုင်းအိမ်တိုင်းကရှင်းလင်း​​နေအောင် လုပ်ထားတယ်။ လယ်သမားတွေဟာလည်း သန့်ရှင်းသပ်ရပ်တဲ့ အဝတ်ကိုသာဝတ်ဆင်ကြပြီး ​​လုလင် တောင်ကနေ ဆင်းလာတဲ့ မသေမျိုးကျင့်ကြံသူတွေကို ကြိုဆိုဖို့ ကွင်းပြင်မှာ စုရုံးကာ မတ်တပ်ရပ်နေတယ်။
နှစ်တိုင်းအရမ်းကိုအေးတဲ့အချိန်မှာ မသေမျိုးတွေက သူတို့(လယ်သမား)ကို အအေးဒဏ်လျော့ပါးအောင် ​မှော်စက်ဝန်းတွေဖန်တီးပေးပြီး ရာသီစာတွေဖြန့်ဝေဖို့ တောင်အောက်ဆင်းပြီးကူညီကြတယ်။
ဒီနေရာရဲ့ဆောင်းရာသီကဆိုရင် အရမ်းကိုကြာရှည်ပေမဲ့ မသေမျိုးတွေရဲ့ကောင်းချီးကိုရဖို့ သိပ်မခက်ပါဘူး။ ဒါကြောင့်ရွာသားတွေက လုလင်တောင်က မသေမျိုးတွေကို သူတို့ရဲ့နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်းရိုသေပြီး တန်ဖိုးထားကြတယ်။
သူတို့က မျှော်လင့်တကြီးစောင့်နေကြပေမဲ့ နေဝင်သွားတဲ့ထိအောင် ဘယ်မသေမျိုးကမှ ပေါ်မလာခဲ့ကြဘူး။
အသက်ခုနှစ်နှစ် ဒါမှမဟုတ် ရှစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်က ပန်းပွင့်ပုံပါတဲ့အနွေးထည်လေးကိုဝတ်ထားတယ်။ အအေးဒဏ်ကြောင့် သူမရဲ့ပါးလေးတွေတောင်နီရဲနေပြီ။ အရမ်းကလည်းအေး ဗိုက်ကလည်းဆာတာကြောင့် သူမမစောင့်နိုင်တော့ပေ။ သူ့ဘေးနာကအမျိုးသမီးကြီးရဲ့ အင်္ကျီလက်ကို ဖြည်းဖြည်းလေးဆွဲလိုက်ပြီး "မေမေ.. မသေမျိုးတွေက ဒီနှစ်မလာတော့ဘူးထင်တယ်။ အထဲပြန်ဝင်ရအောင်လေ။ဒီမှာအရမ်းအေးတယ်။"

ထုံးယမ်းဝူကျိ...ထုံးယမ်းဝူကျိ...
(T/Nဒါကဘာကိုပြောတာလဲမသိဘူး။ သိတဲ့သူတွေဝင်ပြောသွားကြဦး)

ထိုအမျိုးသမီးရဲ့မျက်လုံးတွေက စိုးရိမ်ပူပန်ပုံပေါ်နေတယ်။ သူမခေါင်းယမ်းလိုက်ပြီး ညှင်ညှင်သာသာဆူပူလိုက်တယ်။ "အဓိပ္ပါယ်မရှိတာမပြောစမ်းနဲ့။ မသေမျိုးတွေကသေချာပေါက်လာမှာ"
သူမရဲ့စကားပြောသံကတိုးညှင်းလှပြီး အဝေးကြီးကိုမပြန့်နှံ့နိုင်ပေမဲ့လည်း တူညီတဲ့သံသယနဲ့ စိုးရိမ်ကြောင့်ကြမှုသောကတွေဟာ ရွာသားတွေကြားမှာပြန့်နှံ့နေခဲ့ပြီ။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now