အပိုင်း(၇) Unicode

460 37 2
                                    


အပိုင်း(၇)
လေက သေလောက်အောင် ငြိမ်သက်နေတယ်။

ဒီလိုမျိုး ဖြစ်ပျက်ခဲ့တာက ပထမဆုံးအကြိမ်မဟုတ်ပေမဲ့လည်း ဒီကောင်လေး မသိတဲ့အချိန်မှာ ဖြစ်သွားတဲ့ ခံစားချက်က ကွဲပြားခြားနားနေတယ်။

ဒါ့အပြင်....သူက တကယ့်လူယုတ်မာမဟုတ်ဘူးလေ။

အို..စကားမစပ်.. သူ့ကို လည်ပင်းညှစ်သတ်မလို့လို့ ရှဲ့ဟိုင်မထင်လောက်ပါဘူးနော်...ဟုတ်တယ်မလား? ဒါမှမဟုတ် မူမမှန်တာတစ်ခုခုကို လုပ်ချင်တယ်လို့ပေါ့။

ဖန်းလိက တည်ငြိမ်ချင်ယောင်ဆောင်ပြီး သူ့လက်ကို ရုတ်သိမ်းလိုက်တယ်။ ပြီးတော့ ဘာအမူအရာမှမပြဘဲ ဘေးဘက်ကို ကြည့်လိုက်တယ်။ လုံလောက်ပြီ။ စားပွဲခုံပေါ်က အမွှေးခွက်လေးက တစ်ချိန်ထဲမှာပဲ လောင်းကျွမ်းနေခဲ့တယ်။ သူ့က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာကို ပြသလိုက်တယ်။

ရှဲ့ဟိုင်က မှားယွင်းတဲ့အချိန်မှာ နိုးလာခဲ့တာပဲ။

ဖန်းလိက တွေးဆပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ်။ "မင်းအိပ်ယာခင်းလျှောကျနေတယ်။"

ပြောပြီးတဲ့နောက်မှာ သူကလှည့်လိုက်ပြီး ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားလိုက်တယ်။

Systemကလည်း ရှဲ့ဟိုင် ရုတ်တရက်နိုးလာမယ်လို့ မထင်ခဲ့မိဘူးလေ။ သူရလိုက်တဲ့ အထိတ်တလန့်ကလည်း ဖန်းလိထက်တော့မနည်းဘူး။ သူအမြင်အာရုံတွေပြန်ရလာတော့ hostရဲ့ ခြေလှမ်းတွေက အမှန်တကယ်မြန်လာတာကိုတွေ့လိုက်ရတယ်။ ဘယ်လောက်တောင် ရှားပါးလိုက်လဲ။ hostတောင်မှ စိတ်ရှုပ်ထွေးနေပြီ။
--------------------------------------------------

ဖန်းလိထွက်သွားတာကို ရှဲ့ဟိုင် ကြည့်နေခဲ့ပြီး သူ့ရဲ့ မျက်လုံးတွေက နက်မှောင်သွားပြီး အတွေများနေတယ်။

ဖန်းလိက ညတိုင်း အမွှေးခဲကို ထွန်းညှိတယ်။ ဘယ်တော့မှလည်း သူအိပ်ပျော်သွားတာကို စောင့်မနေခဲ့ဘူး။ သူ့အနားကပ်ဖို့လည်း ငြင်းဆန်နေတယ်။ သူ့ကိုယ်သူ အမြဲသတိထားပြီး အထက်စီးလည်းမဆန်ဘူး။ ဒါပေမဲ့ သူ့ကိုယ်သူ အရမ်းသတိထားနေမယ်ဆိုရင် ဘာလို့ သူ့ကို တစ်ခါတည်းနဲ့ အပြီးတိုင် မဖျက်ဆီးပစ်ရတာလဲ။ ဒါပေမဲ့ တစ်ခုခုကို ဖုံးကွယ်ပြီး စိတ်အနှောင့်အယှက်တွေကို ရွေးချယ်တယ်။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now