SECOND PERSON 4

1.1K 158 9
                                    

Unicode

ပူလောင်ပြီးရင်း ပူလောင် အမှုန်အမွှားသာသာ ကျန်တော့တဲ့ လေးခန်းဖွဲ့အသက်က သူဆိုတဲ့မျှော်လင့်ချက်နဲ့တင် အသက်ရှင်နေတာမျိုးမို့ သူသာမရှိရင်တော့ ... ။

အိပ်ခန်းပြတင်းတံခါးကနေ ငေးကြည့်မိပြန်တယ် ၊ မီးရောင်မှိန်မှိန်လင်းနေတဲ့ အခန်း ။ အစ်ကိုလည်း အိပ်မပျော်သေးဘူး ။

ကြယ်ရောင်တွေ မစုံသလို လမင်းကြီးလည်း မရှိ ဟင်းလင်းပြင်သာသာသော ကောင်းကင်ယံသည် ငယ်သူမို့ မိုက်ရူးရဲဆန်တတ်သော စိတ်အစဥ်ကဲ့သို့ တဇွတ်ထိုးဆန်ပြီးမှ နောင်တနှင့်ဗလာသက်သက် ။

အစ်ကိုမရှိတဲ့ တနင်္ဂနွေတစ်ရက် ၊ အိမ်‌ဘေးပြတင်းပေါက်ကနေ ကျွန်တော် အရိပ်အခြည်ကြည့်မိတယ် ။ ပုံမှန်ဆို အခန်းပြတင်း‌ပေါက်ကနေ လာလာပြီး စတတ်တဲ့ အစ်ကိုက အခုတော့ လုံးဝကို စေ့ပိတ်ထားလိုက်တာပါပဲ ။

" အစ်ကို ... အများကြီး နေမကောင်းဖြစ်နေသေးလား အဘွား "

" မနေ့ကလောက် မဆိုးတော့ပါဘူး ကိုယ်‌ငွေ့လေးပဲကျန်တော့တာကျောင်းမသွားချင်လို့ မသွား‌တော့ဘူးပြောတာပဲ အိပ်ပဲအိပ်နေလေရဲ့ အဘွားဆေးတိုက်ထားပါတယ် ... တွေ့ချင်ရင် ဝင်တွေ့သွားလေ မြေးရဲ့ ခါတိုင်းလည်း မင်းအစ်ကိုနေမကောင်းရင် မင်းရှိနေကျပဲမဟုတ်လား "

" အာ အစ်ကိုတစ်ယောက်တည်း နားပါစေ ... အပြန်ကျမှပဲ ဝင်လာပါတော့မယ် ကျွန်တော် ကျောင်းသွားဦးမယ်နော် အဘွား "

" အေးအေး ဂရုစိုက်သွား "

လေးတိလေးကန်‌လှမ်းခဲ့သော တနင်္လာနေ့ နံနက်ခင်းရဲ့အစ်ကိုမရှိသော ခြေလှမ်းတွေ ၊ လွတ်နေတဲ့နောက်ခုံနေရာလေးကို လှည့်ကြည့်မိမှာစိုးလို့ စက်ဘီးလည်းမယူနိုင်ဘဲ ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်နေသူသည် ကိုယ့်စိတ်ကိုယ်ထိန်းချုပ်လိုက်သင့်မှန်း အထပ်ထပ်တွေးမိ‌နေသည် ။

ပုံမှန်ဆို စိမ်းစိုစိုရှိခဲ့သော အုံ့မိုးထားသည့် အပင်ကြီးတွေက ယနေ့တော့ ခြောက်ကပ်ကပ်လို ၊ ထိုင်နေကျ မြက်ခင်းပြင်မှာလည်း ‌ဖြတ်လျှောက်သွားသူကို ငေးမမျှော်ရတော့ တစ်ကိုယ်တည်း ‌ထိုင်ရင်း အတွေးတွေ ဘေးအိမ်ကို ရောက်နေသည် ။

SECOND PERSONWhere stories live. Discover now