SECOND PERSON 2

1.6K 180 8
                                    

Unicode

June 2012

" ကျောင်းလာရင် ထီးယူလာလို့ ပြောရဲ့သားနဲ့ မင်းဟာလေ နေ့တိုင်းပါကိုမလာဘူး ၊ မိုးတွင်းကို အိမ်ကထီးတွေအလှကြည့်နေတာမျိုး "

ဘေးကနေထီးဆောင်းပေးရင်း ပွစိပွစိပြောနေတဲ့ ကိုကိုစီနီယာကြောင့် စက်ဘီးကိုတွန်းလျက် ဂျောင်ဂုမျက်နှာပိုးမသတ်နိုင် ။

" မယူပါဘူး မနက်ဖြန်လည်းမယူဘူး သန်ဘက်ခါလည်းမယူဘူး အစ်ကို့ဆီမှာပဲ ထီးကပ်ဆောင်းမှာ "

" ပေးမဆောင်းပါဘူး ! "

" ငြိုငြင်တာလား အစ်ကိုက "

" မျက်နှာငယ်လေးနဲ့ လုပ်စားနေသိလား "

" အစ်ကိုတစ်ယောက်ထဲကိုပဲ စားမှာပါဗျာ "

" ဘာကြီး ! ပြန်ပြော "

" ခေါင်းစားမှာလို့ ခေါင်း ခေါင်း "

" ဂျောင်ဂုတို့က ခေါင်းပဲစားမှာ ကင်မ်ဆော့ဂျင်က ဂျွန်ဂျောင်ဂုကို ကျွတ်ကျွတ်မြည်အောင် အကောင်လိုက် ဝါးစားမှာ "

" စားစေဗျာ "

ရယ်သံတွေ ဝေနေကျ အိမ်ပြန်လမ်းကလေး မိုးရာသီဆိုတာ နှစ်ဦးသားရဲ့အကြိုက် ၊ တိတ်တိတ်ကလေးသိုဝှက်ထားတဲ့ အစ်ကို့အတွက် ကျွန်တော့်ခံစားချက်‌တွေ တစ်စတစ်စပေါ်လာခဲ့တဲ့အချိန်ဆိုလည်း မမှားဘူးပေါ့ ။

" စာလုပ်ပါဆို ဘာတွေငေးနေတာလဲ "

ဆူထွက်လာတဲ့ နှုတ်ခမ်းလေးနဲ့ အစ်ကိုအခန်းထဲကစာကြည့်စားပွဲမှာ စာကြိုးစားနေတဲ့သူကို ဘောပင်ချပြီးမေးထောက်ကြည့်နေမိတဲ့ကျွန်တော် ။

" အင်း လုပ်မယ် လုပ်မှာပါ "

" ဘာလဲ အစ်ကို့ရဲ့ ရူပါမှာ ကပ်ငြိသွားပြီး အားကျစိတ်တွေဝင်သွားလို့လား "

ကျွန်တော့်စိတ်ကို ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်ဖွဲ့ပြပါဆိုရင်တော့ အားကျစိတ်ထက် ချစ်စိတ်တွေဝင်နေတာပါပဲ ။

" အင်း အားကျတယ် "

" ဒါပေမဲ့ ငါ့ညီ အစ်ကိုလို Glow ဖို့တော့မဖြစ်နိုင်ဘူး ကျောင်းသူလေးတွေရဲ့ အသည်းစွဲစီနီယာကိုကိုလေ "

SECOND PERSONWhere stories live. Discover now