SECOND PERSON 7

1K 141 7
                                    

Unicode

ဘတ်စ်ကားပြတင်းမှန်ကနေ မိုးရာသီ၏ အငွေ့အသက်များကျန်ရစ်နေသေးသော နိုဝင်ဘာလ၏ ရွာကောင်းဆဲသောမိုးကို တွေတွေကြီးငေးကြည့်နေမိသည် ။ ဒုံဒယ်မွန်းဈေးကအပြန် ဘတ်စ်ကားက လူနည်းနည်းနဲ့ ခြောက်ကပ်ကပ် ၊ စိုထိုင်းသောရာသီသည် တစ်ကိုယ်တည်းသွားလာရသည်ကို ကျင့်သားမရစေ ။

ဘေးခုံမှာ အမြဲလိုက်နေကြသူ ၊ ဒုံဒယ်မွန်းဈေးသွားလို့ တစ်ညနေကုန်တိုင်း မငြီးမငြူ အနောက်ကအထုပ်ကူဆွဲပြီး လိုက်ပေးတတ်တဲ့သူ ။ ယောင်အမ်းအမ်းဖြစ်နေသည့် ကိုယ့်လက်ကိုယ် ဆော့ဂျင်ကြည့်ရင်း ပြုံးသည် ။ ခဏတာမျှသော အတွေးတစ်ခုနှင့် လက်ကိုပေါင်ပေါ်ပြန်တင်လိုက်ပြီး မီးခိုးရင့်ရောင်ကောင်းကင်ကို ပြန်အာရုံရောက်မိပြန်သည် ။

" အများကြီးမချုပ်ပါနဲ့လို့မှာထားတာကို အိပ်ရေးပျက်ခံပြီးချုပ် ၊ အခုတော့ပန်ဒါလို မျက်ကွင်းတွေမဲပြီး လက်တွေလည်းယောင်ကိုင်းနေပြီ "

တောက်လျှောက်မနားဘဲ ချည်ထိုးတိုင်း ယောင်ပြီး ပန်းရင့်ရောင်သန်းနေတတ်သည့် လက်ဆစ်တွေကို ‌အမြဲလိုနှိပ်နယ်ပေးတတ်သည့် နွေးနွေးထွေးထွေးအထိအတွေ့ ၊ ဆူပူနေကျ ယောကျာ်းပီသသည့် ဩဇာညောင်းသည့်အသံ ။ မယူရက်လို့သာ ထားခဲ့လိုက်ရတာ တကယ်တော့ကိုယ်သိပ်သဘောကျတဲ့ ဖြစ်တည်မှုလေး ။ ကိုယ့်အတွက် အနွေးထွေးဆုံး ဂရုအစိုက်တတ်ဆုံး ရပ်ဝန်းတစ်ခု ။

အတွေးတွေသည် အပိုင်းအစများစွာဖြင့် မိုးစက်တွေထဲ ‌လွင့်မြောလျက် ။ စကားလုံးတွေဝှက်ထားတဲ့ မျက်ဝန်းတွေကို မျက်မှန်အဝိုင်းလေးက လုံလောက်စွာ ကာကွယ်ပေးနိုင်ပါ့မလား ။

*** မှတ်တိုင် ။ ဘတ်စ်ကား Speaker ကနေ နောက်မှတ်တိုင်ကိုကြေညာသည့်အခါ ထီးအဝါလေးကိုယူကာ ကားအဆင်း တံခါးပေါက်နားရပ်လိုက်ပြီး ဘဲလ်နှိပ်လိုက်သည် ။ ပိုမိုသိပ်သည်းစွာကျဆင်းလာသည့် မိုးစက်တို့အား အဆင်းတံခါး၏ မှန်ကွက်မှ မြင်နေရသည် ။

ဘတ်စ်ကားအရှိန်လျော့သွားကာ ရပ်ကွက်မှတ်တိုင်လေးရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ။ ထီးအဝါလေးကို ဖွင့်လိုက်သည့် ထောက်ခနဲအသံကလွဲ မှတ်တိုင်ပတ်ဝန်းကျင်ကတိတ်ဆိတ်နေသည် ။ အိမ်ပြန်ဖို့အားယူထားသည့်‌ ခြေလှမ်းတွေက မှတ်တိုင်ပလက်ဖောင်းကို ခြေချလိုက်သည့်အချိန် ကျောင်းယူနီဖောင်းနှင့် မလိုက်ဖက်စွာ စီးကရက်ရှိုက်နေသူကို တွေ့လိုက်တော့ တန့်ခနဲ ။

SECOND PERSONWhere stories live. Discover now