Unicode
နာကျင်စရာတွေ လုံလောက်ပြီလို့ ယူဆရင် ပျော်ရွှင်ခြင်းတွေ ဝင်လာချိန် လက်ခံလို့ဖြစ်မယ်မလား ။
ဆေးရုံခန်း ဆိုဖာတွင် ထိုင်ရင်း တစ်ညတာလုံးအနားတွင်ရှိနေပေးခဲ့သူသည် စိတ်မချခြင်းတို့ကြီးစိုးလျက် ။ ကီမိုဆေးသွင်းပြီးလျှင် ခန္ဓာကိုယ်ထံ သက်ရောက်မှုအနည်းငယ်ရှိသည့်အတွက် ဆေးရုံမှာတစ်ညနေပြီးမှ အိမ်ပြန်ရမည်ဖြစ်သည် ။
သို့ပေသိ ဆော့ဂျင်က တစ်ယောက်တည်းလည်းဖြစ်ကြောင်း ပြောသည့်တိုင်အောင် စားသောက်စရာဝယ်သည့်အချိန်မှ လွဲ၍ ဂျောင်ဂုသည် အနီးအနားမှ တစ်လှမ်းမရွေ့ ။
" ပြန်လာပြီလား "
ညစာ ထမင်းဘူးသွားဝယ်သည့် ဂျောင်ဂုပြန်ရောက်လာတော့ ကုတင်ပေါ်ခြေတွဲလွဲလေးထိုင်နေသည့် ဆော့ဂျင်က နောက်ကိုဖြတ်ခနဲလှည့်ကြည့်ပြီး အရောင်ဖျော့နေသော်ငြား နှုတ်ခမ်းထူထူတွေက စိတ်ပါလက်ပါနှင့်ကို ပြုံးသည် ။
ဆေးရုံအဝတ်အစား ဝမ်းဆက်လေးနှင့် တိုကပ်ကပ်ကလေးညှပ်ထားသည့် ခေါင်းလုံးလုံးလေးတို့၏ ငြို့ငင်ခြင်းကြောင့် သက္ကရာဇ်နောက်ပြန်သလို နှလုံးသားဟာ တအုံ့နွေးနွေး ။
" အင်း ပြန်လာပြီ နေသာရဲ့လား "
တံခါးကို အသာစေ့ပိတ်လိုက်သည့် ဂျောင်ဂုက အထဲရောက်သည်နှင့် ဆေးပိုက်တန်းလန်း လက်ခုံနုနုကို အကြည့်ရောက်မိရင်း အဆင်ပြေမပြေ အမေးပြုသည် ၊ တစ်နေ့ထဲတင် အဆင်ပြေကြောင်း အတည်ပြုဖို့ အကြိမ်ရေများစွာ မေးခဲ့ပြီးသည့်တိုင် စက္ကန့်တိုင်း နေထိုင်ရသက်တောင့်သက်သာရှိစေချင်သည် ။
" အစ်ကို နေသာပါတယ် "
ခေါင်းလေး အသာငြိမ့်ပြသည့် မျက်နှာသွယ်သွယ်လေးက ရှိခဲ့ဖူးသော မှတ်ဉာဏ်တွေထဲမှ ဆယ်ကျော်သက်အရွယ်၏ခင်တွယ်ရာနှင့် တစ်ဦးတစ်မည်တည်း ။
" အစာခြေလွယ်တာတွေ ဝယ်လာတယ် ပျို့တာမဖြစ်ရအောင်လို့ "
ကီမိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးအားလုံးကို ဂျောင်ဂုက သိနေပြီးဖြစ်သလို အတတ်နိုင်ဆုံးသက်သာအောင်လည်း ပြင်ဆင်ပေးရန် မမေ့မလျော့ ။
YOU ARE READING
SECOND PERSON
FanfictionJung Kook x Seok Jin [ ✓ ] လောကပညတ်ချက်တွေအောက်မှာ လက်မလွှတ်နိုင်စွာ ချစ်မြတ်နိုးရတဲ့ ဒုတိယလူ ။ မိုးရေတွေထဲမှာ စခဲ့တဲ့ဇာတ်လမ်းလေး ၊ မိုးရေတွေထဲမှာပဲ အဆုံးသတ်သွားမယ်လို့လည်း မထင်ခဲ့ဘူး ။ အတိတ်တွေက ဒဏ်ရာတွေများခဲ့လို့ ပစ္စုပ္ပန်ကိုသာ ဖက်တွယ်မိချိန်မှာ...