SECOND PERSON 22

1K 150 18
                                    

Unicode

အချစ်ဦးဟူသည် ဆယ်ကျော်သက်အရွယ် လိပ်ပြာငယ်ရဲ့ အရောင်လွင်လွင် ချစ်ခြင်းရိပ်မြုံကလေး ။ လူတွေဟာ ဘဝရဲ့ ပထမဆုံး အချစ်ဦးကိုတော့ ဒီလူဒီတစ်ဦး သိပ်ကိုချစ်ခဲ့ကြဖူးပါတယ် ။

မမေ့နိုင်သူတွေကတော့ ရာသီတွေဘယ်လောက်ပြောင်းပြောင်း အချိန်တွေ ဘယ်လောက်ရွေ့ရွေ့ငြိတွယ်ရာဆိုတဲ့ ဖြစ်တည်မှုလေးမှာ နှလုံးအိမ်တစ်ခုလုံး ပုံအပ်ခဲ့ပြီးသည့်အလျောက် ချစ်မြတ်နိုးရဆဲပါပဲ ။

အတောင်ကျိုးတဲ့လိပ်ပြာကလေးက နှလုံးသားဥယျာဉ်မှာ ဆူးတွေပွင့်တဲ့အထိ ဒဏ်ရာတွေများရင်တောင် သူ့အတောင်တွေ ကျိုးပဲ့ရာက စုတ်ပြတ်သွားပါ‌စေ ချစ်ခြင်းတရားတို့ထံမှာ မွေ့လျော်မှာပါပဲ ။

ကျွန်တော်ဟာ အချစ်မှာ ဒူးထောက်ကျခဲ့တဲ့ ရူးသွပ်သူ တစ်ယောက် ။

ဂျွန်လုပ်ငန်းစုပိုင် ဟိုတယ်သစ်အတွက် အတွင်းပိုင်းဒီဇိုင်းပြင်ဆင်ရန် အကြောင်းအရာဖြင့် Maldives ကျွန်းသို့ သုံးရက်တာ အလုပ်ခရီးတစ်ခုဖြစ်သည် ။ ဒီဇိုင်းအဖွဲ့တွင် ထပ်တိုးအနေဖြင့် လောလောလတ်လတ်ကမှ အသစ်စက်စက် စာချုပ်ချုပ်ထားသည့် ဒီဇိုင်နာလေးလည်း ပါပါသတဲ့ ။

နိုဝင်ဘာဖြစ်သည့်တိုင် ဆောင်းဦးအငွေ့အသက်နှင့် မိုးစက်တို့က တစ်လှည့်တစ်ပြန်စီ ရှိနေကြသည် ။ မြောက်ပြန်လေသည် မုတ်သံ၏အရွေ့ကို တွန်းအားပေးသည့်တိုင် မိုးသည် သည်မြေသည်ရေမှ ထွက်ခွာမသွားနိုင်သေးဟန် ။

အတူပါလာသည့် ဒီဇိုင်နာတွေက ဗိသုကာပိုင်း ပူးတွဲသမားတွေလည်း ပါလာကြသလို အကုန်လုံးသည် တန်းတူအဆင့်ဖြင့် ကျွမ်းကျင်ဒီဇိုင်နာတွေချည်းသာဖြစ်၏ ။

ဆော့ဂျင်အပါအဝင် ဒီဇိုင်းအဖွဲ့သည် ကုမ္ပဏီကစီစဉ်ပေးသော SUV နှစ်စီးဖြင့် အင်ချွန်းလေဆိပ်ရောက်လာကြပြီး Check in ဝင်ပြီးနောက် မုန့်သွားဝယ်သူကဝယ် Duty free ပတ်သူကပတ်နှင့် လေယာဉ်ပေါ်တက်ရန် စောင့်ဆိုင်းနေကြသည် ။

အဖွဲ့၏ အသက်အကြီးဆုံးဖြစ်သည့်အလျောက် စကားပြောလည်း ဖော်ရွေသည့် အစ်မက အဖွဲ့အတွက် အုပ်ထိန်းသူကဲ့သို့ သက်တောင့်သက်သာ စကားပြောပေးသည် ။ ဆော့ဂျင် ဒီအဖွဲ့လေးနှင့် ရှေ့လျှောက် အဆင်ပြေမည်ဟု မျှော်လင့်ရပါသည် ။

SECOND PERSONWhere stories live. Discover now