106 - 110

1.1K 95 2
                                    


#အပူအပင်မဲ့ အင်မော်တယ်
Chapter 106
နင့်ကို ငါမုန်းတယ်

“နှစ်ပေါင်း ခြောက်ဆယ်”
ယန်ရှုလည်း နှုတ်ခမ်းကို သပ်လိုက်ပြီး စိတ်မရှည်နိုင်စွာ ပြောလိုက်ပါပြီ။
“ညီလေး.. ငါမြည်းကြည့်လို့ ရမလား”

“ရတာပေါ့”
ချင်းကျူလည်း သာမန်ပဲ ပြန်ဖြေလိုက်ပါတယ်။

ယန်ရှုအသွင်က ကြောက်စရာကောင်းပေမဲ့လည်း တကယ်တော့ ပျူငှာစွာ ဆက်ဆံတတ်ပြီး နူးညံ့တဲ့ နှလုံးသား ပိုင်ဆိုင်ထားသူပါ။

ဒါ့အပြင် အခြေအနေကို တွက်ဆကြည့်မယ်ဆိုရင် လနက်မြို့တော်ဟာ တော်တော်လေးကို ကသောင်းကနင်း ဖြစ်နေတဲ့မြို့တစ်မြို့လို့ ဆိုနိုင်ပါတယ်။ ချင်းကျူဟာ ဒီကို ရောက်လာတဲ့ လူသစ်တစ်ဦးဖြစ်ပြီး တခြားလူတွေရဲ့ ယုတ်မာတဲ့ ကြံစည်မှုကို ခံခဲ့ရပါတယ်။ ယန်ရှုက ချင်းကျူကို ဖိတ်ပြီး ထမင်းလိုက်ကျွေးတာကလည်း တခြားလူတွေကို ဟန့်တားဖို့ ဖော်ရှိုးသဘောမျိုးပါ။

ယန်ရှုဟာ လူဆိုးထိန်းကပ္ပတိန် ဖြစ်သလို ဇီဖူနောက်ပိုင်းအဆင့်ကို ရောက်နေပါပြီ။ သူ့ကို လူအများအပြားပဲ မစော်ကားဝံ့ကြတော့ပါဘူး။

“တကယ်လား”

ယန့်ရှုလည်း အားနာမနေတော့ပဲ အရက်အိုးကို ကောက်ယူပြီး ခွက်ထဲ ငှဲ့ထည့်လိုက်ပါပြီ။ ပြီးတာနဲ့ အားရပါးရ သောက်ချလိုက်ပါတော့တယ်။

“ဟား ဟား.. အရက်ကောင်းပဲ”
ယန်ရှုလည်း နှုတ်ခမ်းကို လက်နဲ့ သုတ်ပြီး ကျေနပ်စွာ ပြောလိုက်ပါပြီ။

“ကပ္ပတိန်ယန်… သောက်ပါ။ ငါ့မှာ အများကြီး ရှိသေးတယ်။ ၀အောင်သောက်ချေ”

ချင်းကျူလည်း ပြောပြောဆိုဆိုနဲ့ နှစ် ၆၀ သက်တမ်းရှိ အရက်နှစ်အိုးကို ထုတ်ယူပြီး စားပွဲပေါ် တင်ပေးလိုက်ပါပြီ။

ယန်ရှုအမူအရာ အနည်းငယ် ပြောင်းလဲသွားပါတော့တယ်။
“ညီလေး.. ပြန်သိမ်းထားလိုက်ပါ။ မြန်မြန် ပြန်သိမ်းလိုက်ပါ”

ယန်ရှုက ဘာဖြစ်လို့ ရုတ်တရက်ကြီး အလေးအနက်ထား ပြောလာသလဲဆိုတာကို ချင်းကျူ နားမလည်ပေမဲ့လည်း ဝိညာဉ်အရက်တွေကို ပြန်လည်သိမ်းဆည်းလိုက်ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now