#အပူအပင်မဲ့အင်မော်တယ်
Book 15
Chapter 1
အဆုံးအဖြတ် တိုက်ပွဲ“နေဦး… ကျွန်တော်တစ်ခု ပြောပြပါရစေ”
ဝတ်စုံနက်ဝတ် ခေါင်းဆောင်လည်း အသည်းအသန် အော်ပြောလိုက်ပါပြီ။ တော်ကြာ ဘိုးဘေးသူတော်စင်ကြီးတစ်ဦးက သူ့ကို အလျင်စလို ရိုက်သတ်လိုက်ရင် ဘယ်လိုလုပ်မတုန်း။ပြောရရင်တော့ ဘိုးဘေးသူတော်စင်တစ်ဦးရှေ့မှောက်မှာ သူဟာ ပုရွက်ဆိတ် တစ်ကောင်ထက် မပိုခဲ့ပါဘူး။
ဒီစကားကြောင့် အစတုန်းက ပေါ်ထွက်လာခဲ့တဲ့ အတိုင်းအဆမဲ့ ဝိညာဉ်စွမ်းအင်တွေဟာ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး အလင်းမှုန်လေးတွေအဖြစ် လွင့်ပြယ်ပျောက်ကွယ်သွားပါတော့တယ်။
ချက်ချင်းဆိုသလိုပဲ အားလုံးရဲ့ အမြင်တွေ ဝေဝါးသွားခဲ့ပြီး အနီရောင် အင်္ကျီလက်ရှည်ပွပွကို ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ်ဦး အားလုံးအရှေ့ လေထဲ ပေါ်ထွက်လာပါတော့တယ်။
ဒီအမျိုးသမီးဟာ လှပတယ်လို့ မဆိုနိုင်ပေမဲ့လည်း သူမရဲ့ လှုပ်ရှားမှု ဟူသမျှဟာ ထိန်းချုပ်လို့မရနိုင်တဲ့ ဆွဲဆောင်မှုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
သူမ မျက်လုံးကို ဖွင့်လိုက်တာနဲ့ ညအမှောင်မှာ လျှပ်စီးလက်သွားသလိုပဲ အလင်းရောင် မဲ့နေတဲ့ တောင်တန်းကြီးတွေ မြစ်ကြီးတွေ အရောင်လက်ဖြာသွားခဲ့ပါပြီ။
မြို့တံတိုင်းအထက် ရှိနေကြတဲ့ တန်ခိုးရှင်တချို့ကတော့ ဝတ်စုံနီဝတ် အမျိုးသမီးကို ချက်ချင်း မှတ်မိသွားခဲ့ကြပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပါတော့တယ်။
“သူမက ကြယ်တာရာ ခုနစ်ပါး နန်းတော်အရှင်မပဲ။ ကြယ်တာရာခုနစ်ပါး နတ်မိမယ်”
ကြယ်တာရာခုနစ်ပါး နန်းတော်ဟာ လျှို့ဝှက်ဆန်းကြယ် လောကရဲ့ မဟာအဖွဲ့အစည်းကြီး သုံးခုထဲက တစ်ခုပါ။ သူတို့ရဲ့ ထူးခြားတဲ့ ကျင့်စဉ်ကြောင့်လည်း ဒီအဖွဲ့အစည်းဟာ ကမ္ဘာမှာ ပြိုင်ဘက်ကင်းခဲ့ပါတယ်။
ကြယ်တာရာခုနစ်ပါး နတ်မိမယ်ဟာ အင်မော်တယ် တက္ကသိုလ်ပြီးရင် ဒုတိယတန်းစာ အဖွဲ့အစည်းပါ။ အခုတော့ တန်ခိုးရှင် အများအပြားပဲ စိတ်သက်သာရာ ရရှိပြီး သက်ပြင်းချနိုင်ခဲ့ကြပါပြီ။
YOU ARE READING
တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )
Adventureedited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English လို ရေးထားတဲ့ review လေးပါ။ အပူအပင်မဲ့ အင်မော်တယ် ၀တ္ထုက အမျိုးမျိုးသော ရှန်းရှ သိုင်းလောကရဲ့ esse...