ရက်အနည်းငယ်ကြာသော်.....
ဟိုလူကြီးနှင့်မိုင်းမိုင်းလည်း ပိုမိုရင်းနှီးလာခဲ့လေသည်။
ထိုလူ မိုင်မိုင်းတို့အား ကျောင်းလိုက်ပို့ပြီးသည့်နောက် နေ့များတွင် မိုင်မိုင်းတို့အိမ်တွင် မိသားစုထမင်းဝိုင်းတွင်လည်း ထိုလူပါလာကာ၊ မိုင်မိုင်းကျောင်းသွားလျှင်လည်း လမ်းကြုံသည်ဟု ဆိုကာ လိုက်ပို့တတ်သေးသည်။ ညနေတွင်လည်း တခါတလေ လမ်းကြုံဝင်ခေါ်လေ့ရှိသေးသည်။ထို့နေ့က ထိုလူပြောခဲ့သည့်စကား......
မှတ်မထားသော်လည်း မိုင်မိုင်းမှတ်မိနေပါသေးသည်။Flashback start........
ထိုလူကျောင်းလိုက်ပို့သည့်ညနေတွင် ကျောင်းမှပြန်ရန် မမ၏ လာအခေါ်အားစောင့်နေလေသည်။ ထိုအချိန်တွင် မိုးများက သည်းစွာရွာလာလေသည်။ ဇွဲနှင့်မာန်လေးတို့အား မိုင်မိုင်းပြန်သွားနှင့်ခိုင်းထားသောကြောင့် မိုင်မိုင်းတစ်ယောက်သာ ကျန်ခဲ့လေသည်။ သူတို့အားပြန်လာခေါ်ခိုင်းလျှင်ရပါသော်လည်း မိမိကြောင့်အလုပ်ပိုနေမည်စိုးသောကြောင့် လှမ်းမခေါ်မိ။ ထိုစဥ် ကျောင်းရှေ့ရှိ သစ်ပင်လေးအောက်တွင်မိုးခိုနေသော မိုင်မိုင်း ရှေ့သို့ရောက်လာသည့် အနက်ရောင် ပုံရိပ်တစ်ခု။ တစ်နည်း ပြောရမည်ဆိုလျှင် suit အနက်ဝတ်ဆင်ထားကာ ထီး အနက်ရောင်တစ်လက်အား ကိုင်ရင်း မိုင်မိုင်းရှိရာသို့ လျှောက်လာသော ကိုဂုဏ်ဥက္ကာမြတ်မင်းမောင်!!!
"မိုးမိနေပြန်ပြီလား ညီ"
"အင်း မမလာမကြိုသေးလို့"
"သူလာခေါ်မယ်လို့ပြောထားတာလား"
"အာ!!!!"
မိုင်မိုင်းကိုယ့်နဖူးကိုယ်ပြန်ရိုက်မိလိုက်လေသည်။ ဟုတ်သားပဲ မမကို ဖုန်းဆက်ပြီးမှမခေါ်ရသေးတာပဲ!!
"ဘာဖြစ်လို့လဲ"
မိုင်မိုင်း၏ ပုံအားကြည့်ကာ ဂုဏ်စိုးရိမ်သွာမေးလိုက်ခြင်းဖြစ်သည်။
"ဟီးးးး မမကို ကျွန်တော်ဖုန်းမဆက်ရသေးဘူးပဲ"
ဂုဏ့်အမေးအား မိုင်မိုင်းရယ်ကျဲကျဲ ဖြင့် ပြန်ဖြေလာလေသည်။
VOUS LISEZ
မောင်ချစ်ရတဲ့ငှက်ငယ်လေး(Ongoing)
Roman pour Adolescentsကောင်းကင်မှာပျံဝဲနေတဲ့ငှက်ကလေးတွေတောင် ပျံသန်းရတာညောင်းလာတဲ့အခါ တွေ့ရာသစ်ပင်မှာ ခနတာဝင်ရောက်နားခိုကြတဲ့အခါရှိသေးတာပဲ.... အချစ်ကိုကစားရတာငြီးငွေ့တဲ့အခါ မောင့်ဆီမှာခနဝင်နားခိုတဲ့ငှက်ကလေးကို မောင်ကလည်းအချစ်တွေနဲ့အတတ်နိုင်ဆုံးအမောဖြေသိပ်ပေးပါ့မယ်.... မေ...