အပိုင်း(၇) U/Z

219 16 4
                                    

"ဟာ...ကိုကို"

hotelမှ ဝန်ထမ်းလေးတယောက် လိုက်ပို့သော VIP ခန်းထဲ သို့ မိုင်မိုင်းတို့သုံးယောက်ဝင်လာတော့ အခန်းထဲမှ ရောက်နှင့်နေသာက လှမ်းခေါ်လိုက်လေသည်။

"hi ငု ရောက်နေတာကြာပြီလား"

"ဟီး နဲနဲတော့ကြာပြီကိုကိုရဲ့"

"ဟုတ်လား....sorryနော်.. hotelရှေ့မှာကွာ ပြဿနာနဲနဲလေး တက်သွားလို့"

"အယ် ဟုတ်လား"

မျက်လုံးလေးဝိုင်းကာမေးလာသောသူမ။
သူမကတော့ မိုင်မိုင်း၏ နံပါတ်စဥ်ဘယ်လောက်မသိ တဲ့ အသစ်စစ်စစ် ရည်းစားလေး ငုဝါခင်ဖြစ်သည်။ နာမည်နှင့်လိုက်အောင် ပန်းကလေးလိုလှပသည်။ ဒါပေမယ့် ဘယ်လောက်ပဲ လှလှ သူမတွဲနေတာဘယ်သူမှတ်လို့ ။ခွန်းမိုင်သာယာလင်းလေ ။ အနှီ သကောင့်သားနဲ့ တွဲရင် အဲ့သည်အလှတွေက ဘာလုပ်လို့ ရတော့မှာတဲ့လည်း။

ဇွဲတစ်ယောက်တွေးနေသည်က အရှေ့မှထိုင်နေသော မိန်းမချောလေးအတွက် မျက်ရည်နှစ်စက်။

"အင်း အဲ့တာကြောင့်နဲနဲနောက်ကျသွားတာ စိတ်မဆိုးနဲ့နော်"

"ဒါစိတ်ဆိုးစရာမှမဟုတ်တာကိုကိုရဲ့  တမင်တကာနောက်ကျ နေတာလဲမဟုတ်ဘူးလေ။ကဲပါ စားစရာတွေမှာကြရအောင်လေ ငု လည်းဗိုက်စာနေပြီ.....အဟိ"

ပြောကာ အနီးရှိ menu ကိုယူကာ ဦးဆောင်မှာပေးနေသူက ငုဝါရယ်ပါ။ ငုဝါ၏ အမှာအပြီး waiter လေးကထွက်သွားလေသည်။ ထို့နောက်မိုင်မိုင်းက.....

"ငု နှင်းဆီပန်းလေးတွေကိုကြိုက်လား"

"အဟွက်...အဟွက်"

မိုင်း ၏ အမေးစကားအဆုံး ဇွဲတစ်ယောက် ရေသောက်ရင်းသီးတောင်သွားရသည်။

"ရရဲ့လား ယံ"

မာန်လေးကမေးလည်းမေး ဇွဲ၏ ကျောကုန်းလေးကိုလည်း အသာထုပေးနေလေသည်။

"မင်းကလည်းကွာ ကလေးမဟုတ်သူငယ်မဟုတ်၊ ရေတောင်မသောက်တတ်တော့ဘူးလား"

မိုင်းကဇွဲ ဆီသို့ tissue ကမ်းပေးရင်းပြောလိုက်ခြင်းဖြစ်သည်။

အေးအေး မင်းပဲပြောတတ်တယ်။ ရေမသောက်တတ်ပဲတော့ နေမလား။ သူ့စကားကြောင့် ရေသီးသွားတယ်ဆိုတာရောသူ သိရဲ့လားမသိဘူး။  ကောင်မလေးနဲတွေ့တာပဲချစ်ကြောင်း၊ ကြိုက်ကြောင်းပြောပေါ့၊ ခုကျမဟုတ်ဘူး ပန်းအကြောင်းပြောနေတယ်။ အဲ့ပန်းအကြောင်းပြောပြီးရင်ဘာလုပ်မယ်ထင်လဲ။

မောင်ချစ်ရတဲ့ငှက်ငယ်လေး(Ongoing)Dove le storie prendono vita. Scoprilo ora