ခွပ်**
"ဟျောင့်....မိုင်မိုင်းဖြည်းဖြည်းလုပ်ဟ"
ဖျော်ရည်ဖန်ခွက်အားဆောင့်ချလိုက်သဖြင့်
ဇွဲပြောလိုက်ပါသော်လည်း ပြန်ရလိုက်သည်က တနလ်ာသား၏ ကျားမျက်စောင်းသာ။
ထို့နောက် မိုင်မိုင်းလည်းသောက်လက်စဖျော်ရည်အားမျက်နှာကြီးရှုံမဲ့ကာ ဆက်သောက်နေလေသည်။ မာန်လေးနဲ့ဇွဲလည်း စားလက်စ စားစရာများအား ဆက်လက်စားသောက်နေလေသည်။ခွပ်***
မိုင်မိုင်းသောက်လက်စခွက်အားထပ်မံဆောင့်ချလိုက်ခြင်းပင်။"ဟ ဘာဖြစ်နေတာလဲ......လို့"
"အေးလေ..မင်းဘာဖြစ်နေတာလဲမိုင်မိုင်း"
မိုင်မိုင်းဖြစ်နေပုံအားမကြည့်နိုင်တော့သော ဇွဲနှင့်မာန်လေးမှပြောလိုက်ခြင်းပင်။
"ဘာမှမဖြစ်ဘူး မင်းတို့သာမြိုစရာရှိတာမြို"
"ဟ..မင်းက ဆောင့်အောင့်ပြီးလုပ်နေတာ ငါတို့ကဘယ်လိုမြိုကျမှာလည်း "
"မြိုမကျလည်း မမြိုနဲ့ကွာ၊မင်းတို့အပေါက်ကိုပိတ်ထား"
ဟူးးးးးးး
တောက်**
မိုင်မိုင်းဆီမှသက်ပြင်းချသံပြီးနောက်တောက်ခေါက်သံပါထွက်ပေါ်လာသည်။
ဇွဲနှင့်မာန်လေးကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး စားစရာရှိသည်ကိုဆက်စားနေကြသည်။
သူတို့ထပ်စကားစလိုက်ရင် ကိုယ်တော်ချောစိတ်နှင့်တွေ့တော့မည်မလား။မနက်က လက်ရှိတွဲနေတဲ့ကောင်မလေးအားနှုတ်ဆက်လက်ဆောင်ဝယ်ပေးရန် mallတစ်ခုအားမိုင်မိုင်းသွားခဲ့သည်။ နှုတ်ဆက်လက်ဆောင်ဆိုလို့ ကောင်မလေးကတခြားနိုင်ငံကိုသွားမယ်လို့တော့မတွေးလိုက်နဲ့ဗျို့....လမ်းခွဲလိုက်တာကိုပြောတာ... အစကတော့မာမားရဲ့ပန်းအိုးယူလာမလို့ပါပဲ....
ပန်းအိုးကိုချောင်းနေတာကြာပြီ။ဒါပေမယ့်ကျေးဇူးရှင်မာတာမိခင်ကြီးကပေါ်ပေါ်လာသဖြင့် မိုင်မိုင်းတစ်ယောက်အခွင့်မသာခဲ့ပေ။ ထို့ကြောင့်အိတ်စိုက်ရန်အကြောင်းပေါ်လာခဲ့လေသည်။"ကိုကို..သဲဟိုဖိနပ်လေးနဲ့လိုက်လားဟင်"
"အင်း"
STAI LEGGENDO
မောင်ချစ်ရတဲ့ငှက်ငယ်လေး(Ongoing)
Teen Fictionကောင်းကင်မှာပျံဝဲနေတဲ့ငှက်ကလေးတွေတောင် ပျံသန်းရတာညောင်းလာတဲ့အခါ တွေ့ရာသစ်ပင်မှာ ခနတာဝင်ရောက်နားခိုကြတဲ့အခါရှိသေးတာပဲ.... အချစ်ကိုကစားရတာငြီးငွေ့တဲ့အခါ မောင့်ဆီမှာခနဝင်နားခိုတဲ့ငှက်ကလေးကို မောင်ကလည်းအချစ်တွေနဲ့အတတ်နိုင်ဆုံးအမောဖြေသိပ်ပေးပါ့မယ်.... မေ...